Lisa သည် နေ့လည်စာ စားချိန်ပဲဖြစ်ဖြစ် ၊ Tea Time မှာပဲ ဖြစ်ဖြစ် ရုံးရှေ့က Jennie Heart ကို နေ့တိုင်းလိုလို အနည်းဆုံး တစ်နေ့တစ်ခေါက်တော့ ရောက်ဖြစ်နေ၏။ သူ လာထိုင်တိုင်းလည်း သူ့မှာ ထားသည့် အစားအသောက်များကို Jane က အမြဲလိုလို လာချပေးတက်၏ ။
သူမရဲ့ ချစ်စဖွယ် အပြုံးလေးကို မြင်တိုင်း သူမလေးကို အားနာမိသည့်စိတ်က ရင်မှာဖြစ်ပေါ်လာရသည်။ သူ၏ ညီမဖြစ်သူက Chae က သူမလေး၏ အသည်းကို ခွဲခဲ့သည် မဟုတ်ပါလား ။
"Unnie....အခု ချပေးတဲ့ မုန့်ဖိုးက ပေးစရာမလိုဘူးနော် "
သူမှာလိုက်တာက Ice Latte တစ်ခွက်ပဲကို Ice Latte အပြင် cheese Cake တစ်ခုပါ ချလာပေးတာမို့ သူတစ်ခုခုပြောဖို့ အားယူနေစဥ်မှာပင် Jane ဆီက ထွက်လာတဲ့ စကားကြောင့် သူ အံသြသွားရသည်။
"ဘာဖြစ်လို့လဲ... တို့က ဒီမုန့်မှ မှာမထားတာ "
"ဒီနေ့ Jane လစာ ထုတ်တယ်လေ။ Unnie က အမြဲတမ်း ဖောက်သည်မို့ Jane က မုန့်ဝယ်ကျွေးချင်လို့ပါ "
Li သည် သူမလေးရဲ့ စကားကြောင့် ရင်ထဲမှာ တစ်မျိုးလေး ဖြစ်သွားရသည် ။ သူမ မျက်နှာကို ကြည့်တော့လည်း ပကတိရိုးသား ဖြူစင်နေသည်။ ဒီလောက် ချစ်စရာ ကောင်းတဲ့ ကောင်မလေးကို Chae က ထားသွားသေးသည်။
"ဟုတ်ပါပြီ ။ ဒီတစ်ခါတော့ ရှိစေတော့ ။ နောက်ဆို အဲ့လို မလုပ်နဲ့ ။ ဒါနဲ့ မင်းက လစာ ဘယ်လောက်ရလို့လဲ "
"၅သောင်းခွဲ ရတယ် Unnie "
Jen လည်း ပိုက်ဆံရသည့်အတွက် ဝမ်းသာနေ သညျ့ပုံစံမြျိုးနှငျ့ ပြုံးပြုံးရွှင်ရွှင် ဖြေလိုက်သည်။
"အိမ်ကော ပြန်ပေးရသေးလား။ ဒီလောက်ပိုက်ဆံနဲ့ မင်းဟာက တစ်လလုံး လောက်ကော လောက်လို့လား "
"အိမ်ကိုတော့ ပြန်ပေးချင်တယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ လက ကျောင်းအပ်ထားတော့ ကြားထဲမှာ အသုံးလိုတာနဲ့ သူများဆီက ခန ငှားသုံးထားတာတွေ ရှိသေးတော့ ဒီလက ပြန်ပေးရမှာလေ ။ အဲ့တော့ ဒီလ တော့ အိမ်ကို မပေးနိုင်လောက်ဘူး "
Jennnie လည်း ညှိုးငယ်သော မျက်နှာဘေးလေးနဲ့ ပြောလိုက်၏ ။
Lisa မှာ သူမလည်ပင်းမှာဆွဲထားသော စိန်လော့ကက် ကို စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ ဒီ လော့ကက်ကိုများ သူမ အရမ်းကျပ်တည်းလာလို့ တစ်ခုခုများ လုပ်လိုက်ရင် သွားပါပြီဟု နှမျောတသသော အကြည့်တို့ဖြင့်ပေါ့။
YOU ARE READING
💙 Troublemaker 💙