💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
Lisa သည် စားပွဲတွင် စာထိုင်ဖတ်နေသည်မှာ နှစ်နာရီနီးပါးရှိနေပြီမို့ ညောင်းညာလာလေဟန်ဖြင့် စာအုပ်ကို လက်ကအသာချကာ အကြောဆန့်လိုက်လေသည်။
Lisa သည် ဝါသနာအရင်းခံကာ တက်ရောက်ခဲ့သည့် စက်မှုတက္ကသိုလ်မှ ဗိသုကာအင်ဂျင်နီယာဘွဲ့ရ တစ်ဦးပင်ဖြစ်၏ ။ ယခုလက်ရှိတွင် နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ Design Team တွင် ဌာနမှူး အဖြစ် တာဝန်ယူကာ အလုပ်လုပ်ကိုင်နေသည် ။
လုပ်ငန်းခွင်တွင် ဝင်ရောက်ဦးစီး လုပ်ကိုင်နေပြီဖြစ်သော်လည်း ဝါသနာပါသည့် ဗိသုကာပညာရပ်သည် လေ့လာစရာတွေ များပြားလွန်းတာမို့ အားလပ်သော အချိန်များတွင် ဗိသုကာနှင့်ပတ်သက်သည့် စာအုပ်များကို ရှာဖွေစုဆောင်းဖတ်ရူ့သလို Online မှာလည်း လိုက်ရှာပြီး Learning လုပ်လေ့ရှိ၏။ သူက ဗိသုကာပညာရပ်တွင်ရော အလုပ်တွင်ပါ အောင်မြင် ကျော်ကြားသူ ဖြစ်ချင်သည်လေ။
"Li..ခုချိန်ထိစာဖတ်တုန်းလား..chae တော့ Li လိုသာ စာဖတ်ရရင် ပျင်းလို့သေတော့မှာပဲ "
သူ့အခန်းထဲကို Chae က ဝင်လာကာ ပြောလိုက်တာမို့သူ အဓိပ္ပာယ် ပါပါပြုံးလိုက်၏။
"လူတစ်ယောက်မှ ဇောတစ်ခုကပ်လာရင် ဘာကြီးပဲ ဖြစ်နေဖြစ်နေ သူလိုချင်တာတစ်ခုရဖို့အတွက် လုပ်ရတာကို ပျင်းတယ်လို့ မယူဆဘူး chae ။ chae ရော ဘာထူးလဲ ။ တစ်နေ့တစ်နေ့ အိပ်လိုက် ၊စားလိုက် ၊ ဖုန်းလေးသုံးလိုက် ၊ ဂိမ်းလေးဆော့လိုက်နဲ့ နေနေရတာ မပျင်းဘူး မဟုတ်လား "
"Li ကတော့ ဖောက်ပီ...။ chae က ဒီနှစ်မှ အထက်တန်းဖြေထားတာလေ...Li လိုတော့ မလေးနက်နိုင်သေးပါဘူးနော်....အအိပ်နဲ့ အစားကိုတော့ လာမထိနဲ့လေ...သူတို့က လူနဲ့တည့်တယ် "
"ဟုတ်ပါပြီ...Li က ဘာပြောရသေးလို့လဲ Chae ရဲ့။ ဒါပေမယ့် လူဆိုတာ ရည်ရွယ်ချက်တစ်ခုတော့ ရှိသင့်တယ် ။ ကြီးကြီးငယ်ငယ်ပေါ့ ။ အချိန်ဆိုတာ ဘာနဲ့မှ အစားထိုးလို့မရအောင် တန်ဖိုးကြီးတယ်လေ ကွာ"
"ဟုတ်ကဲ့ပါ Li ရယ် ။ အခုတော့ chae.. speaking လေးတက် ။ ကွန်ပျူတာသင်တန်းလေးတက်နေတာကိုပဲ ကျေနပ်ပေးပါဦးနော် "
YOU ARE READING
💙 Troublemaker 💙