💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
Seoul University ထဲရှိ ကျောင်းကန်တင်း တွင် Chaeyoung, Jisoo နှင့် Jennie တို့ ထိုင်နေကြ၏။
Jennie သည် မိဘများ၏ ဆန္ဒအရ Online Learning ဖြင့် Uni ကို Distance တက်နေရသော်လည်း Practical ရှိသည့်ရက်များတွင်တော့ ကျောင်းလာရလေသည်။
"ကဲ ပြောစမ်းပါဦး....ဒီရက်ကြီးမှာမှ ငါ့ကို ကျောင်းထိ လာတွေ့ရတဲ့ အကြောင်းအရင်းလေး "
Jen လည်း Chae ဘာကြောင့် လာမှန်းသိသိနှင့်ပင် ကလိပြီးမေးလိုက်၏။
"Jen.. နင်တော်တော် မွှေတာပဲ။ နင် Li ကို ဘာ ပေါက်ရတွေ လျှောက်ပြောလိုက်တာလဲ ။ ငါ ဘယ်လောက်တောင် ဒုက္ခရောက်သွားရလဲ နင်သိလား"
Chae လည်း ဟန်ဆောင်ပြီး သိသိကြီးနှင့် သူ့ကို ကလိပြီး မေးလာသော Jen ကို အမြင်ကပ်ကပ်နှင့် ခပ်ဆတ်ဆတ်လေး ပြောလိုက်၏။
" ဪ ဒါလား.... နင် ရော ငါ့နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ ဘာပြောမလဲ ။ ငါက အကောင်းဆုံးစဥ်းစားပြီး ပြောလိုက်တာလေ ''
" နင်ပြောလိုက်တာ ပြီးစလွယ်ပဲ ။ အခု Li က နင့်ကို အရမ်း သနားနေတယ် ။ ပြီးတော့... "
" ပြီးတော့ ဘာဖြစ်လည်း "
" ပြီးတော့ စိန်လော့ကက်က ဘိုးဘွားပိုင်ပစ္စည်းမို့ နင့်ဆီကနေ ပြန်ယူမယ်တဲ့ ။ နင့်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးပြီးတော့တဲ့ "
" အမ်မာ..ဘယ်ရမလဲ ။ ဒီလိုလုပ်လို့ မရဘူးလေ။ ဟို နေ့က တမင်ဟန်ဆောင်ပြီး ပြန်ယူသွားခိုင်းတာ ။ တစ်ကယ်ပေးရမယ်ဆို ငါအကုန်ဖော်မှာနော် Chae ။ နင်ပြောတော့ နင့် ပိုင်ပစ္စည်း ဘာပြဿနာမှ မရှိဘူးဆို "
Jennie လည်း Chae ကို စိတ်တိုတိုနှင့်ကက်ကက်လန်အောင် ရန်တွေ့ပလိုက်သည် ။
" ငါ့မှာ အဲ့ လော့ကက်ရဖို့ ဘယ်လောက်တောင် လုံးပမ်းခဲ့ရလဲ ။ နင် မလိုချင်တဲ့ ယောင်းမကို ငါ့ ယောင်းမ တောင် တော်ရတော့မယ် "
Jen ၏ စကားကြောင့် Jisoo နှင့် Chae မျက်လုံးပြူးသွားကြကာ တအံတဩ မေးလိုက်ကြသည်။
" ဘယ်လို ဘယ်လို .... "
Jen လည်း မထူးတော့မည့်တူတူ ပြောပြဖို့ပဲ ဆုံးဖြတ်လိုက်ကာ အမအကြီးဆုံးဖြစ်သူ Seulgi Unnie နှင့် Irene Bae ကို လှော်ပေးခဲ့သည့်အကြောင်းကို စီကာပတ်ကုံး ပြောပြလိုက်တော့သည်။
YOU ARE READING
💙 Troublemaker 💙