💙 18 💙

3.9K 332 35
                                    

"Lisa...ငါ သတိထားမိနေတာ ကြာပြီနော်...နင် Jennie Heart က ကောင်မလေးနဲ့ အဆင်မပြေဘူးလား Jennie Heart ကို သွားမယ်ဆိုရင် အကြောင်းတစ်ခုခုပြပြီး ငြင်းနေသလားလို့ "

သူ့ဌာနမှ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ Candy ၏ အ​မေး စကားကို Lisa ပြန်မဖြေမိပါ။ ကောင်မလေးငယ်ငယ်လေးတစ်ယောက်၏ အလှည့်စားခံရတာကို တွေးမိတိုင်း အသည်းနာလှသည်။

"ဘာဖြစ်လို့လဲ Lisa.. အဲ့ကောင်မလေးကို လက်တွဲဖို့ သတ္တိမရှိလို့လား "

💭 သိပ်သတ္တိရှိတာပေါ့။ ဘဝ တစ်ခုလုံးအတွက် ရည်ရွယ်ပြီး သူမကိုချစ်ခဲ့တာပါ။ နိမ့်ပါးတဲ့ သူမ ဘဝလေးကို မြှင့်တင်ဖေးမ ကူညီလိုစိတ် အပြည့်ကို ရှိခဲ့တာ။ ဒါကို Jennie Heart ရဲ့ အရှင်သခင်မလေးကတော့ လှောင်ရယ် ရယ်နေခဲ့မှာပဲ 💭

"ဟုတ်တယ် သတ္တိမရှိခဲ့ဘူး ။ သူက တစ်ကယ့် waitress မဟုတ်ခဲ့ဘူးလေ။ Jennie Heart ပိုင်ရှင်ရဲ့ သမီးပဲ "

"ဟင်..."

သူ့အပြောကြောင့် သူတို့ အံ့အားသင့်သွားကြသည်။

" Lisa ဆိုက်ထဲသွားနှင့်မယ်...ပြီးရင် အဲ့ကနေပဲ ရုံးတန်းဆင်းလိုက်တော့မယ်နော်"

Lisa လည်း သူတို့အနားကနေ အိတ်ကောက်ကိုင်ကာ ထ ထွက်လာခဲ့တော့သည်။ သူတို့ပေးလာမည့် မှတ်ချက်တွေလည်း သူ မကြားချင်တော့ပါ ။ သူမလေးကို မေ့ပစ်ဖို့ သူကြိုးစားနေတာ အခုထက်ထိမှ မအောင်မြင်နိုင်သေးတာ ။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

"Li...ဒါတွေ အားလုံးရဲ့ တရားခံက Chae ပါပဲ။ ဒါပေမယ့် Li အဲ့လိုအကြာကြီး Chae ကို စကားမပြောတာတော့ Chae ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ Jenကလည်း Li ကိုပြောပြဖို့ ကြိုးစားပါသေးတယ် ။ Li က မရိုးသားတာဆိုရင် သိပ်မုန်းတယ်လို့ Chae က သူ့ကို ပြောလိုက်တာမို့ သူကလည်း Li မုန်းသွားမှာဆိုးလို့ ကြောက်ပြီး မပြောရဲခဲ့တာပါ "

"အော်ဟော်....ပြောပြဖို့ အစီအစဉ် ရှိသေးတယ်ပေါ့။ နင် ငါ့အခန်းထဲက အခုထွက်သွားစမ်း... Chaeyoung ။ ငါအခုချိန်မှာ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး "

"ဒီနေ့တော့ Chae... Li ကို ပြောစရာရှိတာ ပြောရမှာပဲ ။ Li နဲ့ Jen တို့ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ထိ ချစ်တယ်ဆိုတာ Chae သိနေ တယ် ။ Jen လှည့်စားခဲ့တာကိုပဲ တွေးပြီး ဒေါသ ထွက်မနေပါနဲ့ Li ။ သူ Li ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကိုရော ထည့်ပြီး တွေးပေးပါ "

💙 Troublemaker 💙Where stories live. Discover now