💙 3 💙

4K 361 31
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙

"ပျင်းတယ်.. ပျင်းတယ်....ပျင်းတယ်.....ပျင်းလွန်းလို့ သေတောင် သေသွားမလားမသိဘူး "

Jennie သည် တစ်ယောက်ထဲ အခန်းပတ်ပတ်လည် လျှောက်သွားပြီး အော်နေလေသည်။ အခန်းထဲရှိ လူများကတော့ ဘယ်သူမှ သူ့ကိုအရေး မလုပ်ကြပါလေ။ Yuri Unnie က ကုတင်ပေါ်တွင် ဝတ္တူစာအုပ် အဖတ်မပျက်သလို Jin-Woo Oppa နှင့် Mino Oppa တို့ကလည်း သူတို့မျက်လုံးတွေက Game ကနေ လုံးဝ မခွာ ။

ဧည့်ခန်းထဲတွင် Yoona Unnie နှင့် Ju-hyun Unnie တို့က ဇာတ်လမ်းတွဲ ကြည့်နေမည်မှာ သွားကြည့်ဖို့တောင် မလိုအပ်။

Jennie Kim သည် ဘာမှလုပ်စရာ မရှိသဖြင့် သူ့ဟာနဲ့သူ အေးအေးဆေးဆေး နေနေကြသော ညီအစ်မဝမ်းကွဲ၊ အစ်ကိုဝမ်းကွဲတွေကို အနှောက်အယှက်ပေးဖို့ ဆုံးဖြတ်လိုက်တော့သည် ။

"ဟဲ့...ဟဲ့..... ဘာလုပ်တာလဲ....ငါ စာဖတ်နေတယ်လေ Jen "

Yuri Unnie က သူ့လက်ထဲမှ စာအုပ်ကို လာဆွဲလုသော ညီမဖြစ်သူ Jen ကို မကျေမနပ် အော်လိုက်၏။

"နောက်မှ ဖတ်ပါ Yuri Unnie ရယ်...Jen ပျင်းလို့ပါ "

Jen က မျက်နှာငယ်ငယ်ဖြင့် ပြောလိုက်သည်။

"သွား ပါ Jen လေး ရယ် ...Yoona တို့နဲ့ ဇာတ်လမ်းတွဲ သွားကြည့်ပါလား.. သွား...."

" ကျွတ်...ရတယ်....နှင်ထုတ်စရာမလိုပါဘူး ။ ညီအစ်မတွေ တစ်ခါတစ်လေလေး စုမိပါတယ်။ စကားလေး ဘာလေးပြောရမလား မှတ်တယ် ။ စာအုပ်ကို လက်ကနေတောင် မချဘူး ။ ရတယ်..ဆက်ဖတ်...ဆက်ဖတ် "

Jennie သည် စူပုတ်ပုတ်ဖြင့် ကုတင်ဘေးမှ ထွက်သွားသည် ။ ရုတ်တရက် ခေါင်းထဲတွင် အကြံတစ်ချက် လျက်ကနဲ ရလိုက်တာမို့ သွားသေးသေးလေးတွေပင် ပေါ်အောင် ပြုံးလိုက်၏ ။

"Mino Oppa ဘယ်ဂဏန်းအကြိုက်ဆုံးလဲ ပြော "

Jen သည် Mino Oppa နှင့် Jin Woo Oppa တို့ Game ဆော့နေရာ နေရာသို့ သွားပြီးမေးလိုက်၏။
အနားကနေ ထွက်သွားရင် ပြီးရောပုံစံမျိုးဖြင့် Mino လည်း ပါးစပ်ထဲရှိရာ ဂဏန်းကို ပြောလိုက်၏။

"2"

"ငါ က 3 Jen... နင်မေးနေရမှာဆိုးလို့ ကြိုပြောထားတာ "

💙 Troublemaker 💙Where stories live. Discover now