💙 8 💙

3.1K 360 34
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

Li သည် Yeouido Han River Park သို့ Irene အား သူ့ကားဖြင့်ခေါ်လာခဲ့သည်။ အခုလိုနေရာကို ခေါ်လာသည့် Li ကို Irene အံသြသလိုကြည့်နေမိသည်။ Li တစ်ခုခု ထူးခြားနေတာတော့ အမှန်ပင်။ Li ဘာဖြစ်နေတာလည်း ဆိုတာကိုတော့ Irene သေချာမသိ။

"IRene...ငါတို့ ပွင့်လင်းကြရအောင် ။ "

Irene သည် Li စကားကြောင့် ထိတ်ကနဲပျော်သွားသည်။ သူ သဝန်တိုနေတာ...။ အာ့လိုမှန်းသိ အစကတည်းက တစ်ယောက်ယောက်နဲ့ တွဲပြခဲ့ပါတယ် ။

"ငါတို့နှစ်ယောက် သဘောတူညီမှုနဲ့ စေ့စပ်ပွဲကို မေ့လိုက်ကြရအောင် "

"ဘာ "

Irene လည်း Li ဆီကနေ မမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရသည့်အတွက် အံသြတာရော ဒေါသထွက်တာရောပေါင်းပြီး အသံကျယ်သွားရတော့သည်။ သူမ မျှော်လင့်နေခဲ့တာ ဒီစကားမှ မဟုတ်ပဲလေ ။

"ငါဝန်ခံပါတယ် Irene ။ ငါနင့်ကို မချစ်ခဲ့ဘူး။ နင်က အစစအရာရာ ပြည့်စုံတဲ့ သူမို့ ငါ အိမ်ထောင် ဖက်အဖြစ် ဦးနှောက်နဲ့ ရွေးချယ်ခဲ့တာ ။ နင် အခု လူတစ်ယောက်နဲ့ တွဲနေတယ်လို့ ငါကြားတယ် ။ ငါ နင့်ကို အပြစ်မတင်ပါဘူး။ နင်သွားချင်တဲ့ လျှောက်ချင်တဲ့ လမ်းကို နင်လျှောက်ပါ Irene "

Irene ဒေါသထွက်လွန်းလို့ အသားတွေပင် တဆတ်ဆတ် တုန်နေ၏။ သူက သူမကို ရွေးချယ်ခဲ့တာ ဦးနှောက်နဲ့တဲ့ ။ ဘယ်လောက် စိတ်တိုဖို့ ​ကောင်းလိုက်တဲ့ စကားလဲ ။ အမြင်ကတ်ဖို့ကောင်းလိုက်တာ။ သူမ နဲ့ ပတ်သက်ပြီး သူ့မှ ဘာခံစားချက်မှ မရှိဘူးပေါ့။ ဒါဆို သူမ က ဘယ်လို အနေအထားကို ရောက်သွားတဲ့ မိန်းမမျိုး ဖြစ်သွားပြီလဲ ။ သိပ်ကို ခံပြင်းလွန်းလှသည်။ဒါ Irene ရဲ့ မာနကို တို့ထိ စိန်ခေါ်လိုက်သလိုပင်။

" ငါလည်း အတူတူပဲ Li ။ အဘက်ဘက်က ပြည့်စုံပြီး ခင်မင်ရင်းစွဲ ရှိတဲ့ သူငယ်ချင်း မို့ နင်နဲ့ဆို ငါ့ဘဝက သာယာပြည့်စုံမှာပဲဆိုပြီး တွေးမိလို့ ငါလည်း နင်နဲ့ စေ့စပ့်မယ့် ကိစ္စ သဘောတူခဲ့တာ ။ ငါလည်း ဦးနှောက်နဲ့ ရွေးချယ်ခဲ့တာပဲ။ ဒါပေမယ့် အခုတော့ ငါ့နှလုံးသားက လူတစ်ယောက်ကို သိပ်ချစ်မိသွားပြီလေ။ ထူးဆန်းတယ်နော် ။ အဲ့လူကလည်း နင့်လိုပဲ အစစအရာရာ ပြည့်စုံနေခဲ့တယ် ။သူ က Company လုပ်ငန်းတွေအပြင် Mini mark တွေလည်း ဖွင့်ထားတယ် ။ တခြားစီးပွါးရေးလုပ်ငန်းတွေလည်း ရှိတယ် ။ နင့်ထက်သာတာတစ်ခုက သူက နင်မပေးနိုင်တဲ့ အချစ် တွေ မေတ္တာတွေ ငါ့ကို ပေးနိုင်ခဲ့တယ် "

💙 Troublemaker 💙Where stories live. Discover now