💙 7 💙

3.3K 329 22
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙

Irene ခုရက်ပိုင်း စိတ်တွေ ရှုပ်ထွေးနောက်ကျိနေရသည်။ မေမေက ဘယ်လိုသိလာသည့် ဗေဒင်ဆရာမှန်းမသိဘဲနှင့် ထိုလူ၏ စကားကို ယုံကာ သူမ တို့၏ စေ့စပ်ပွဲကို နောက်ကို ရွေ့လိုက်၏ ။ သူမ Li နှင့် မဝေးချင်ပါ။

တစ်ကယ်တန်းတော့ Li က သူမကို ချစ်တယ် ဟု တစ်ခါလေးမှ မပြောဖူးပါ ။ ပတ်ဝန်းကျင်နှင့် သူငယ်ချင်းတွေက သူမတို့နှစ်ယောက် တွဲသွားတွဲလာ လုပ်လွန်းလို့သာ။ ပြီးတော့ ဝိုင်းပြီး Shipကြရင်းဖြင့် အားလုံးက အတွဲလို့ယူဆကာ ပြောဆိုစနောက်နေရင်လည်း Li က စိတ်ဆိုးဟန် မပြသလို ဖြေလည်း မဖြေရှင်းပဲ ဒီတိုင်းသာနေ၏။ သူမ Li ကို နားလည်ချင်ယောင် ဆောင်နေသော်လည်း တစ်ကယ်တန်းတော့ လုံးဝ နားမလည်ပါ။

တစ်ခါတစ်လေတော့လည်း ကိုယ့်အဖြစ်ကိုယ် ဒေါသထွက်မိသလို Li ကိုလည်း စိတ်ဆိုးမိသည်။ Li ဖွင့်ပြောဖို့တော့ ကောင်းသည် ။

ဒီနေ့လည်း ကျောင်းကအပြန် အတွေးလေးတွေ ဖြန့်ကျက်ချင်တာနဲ့ ဟန်မြစ်ဘေးနားမှာ ရပ်ကာ ငေးမောရင်းတွေးနေမိတာ ။ ထိုအခိုက် လေက ဝေ့သွားပြီး လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာလေးက လွင့်ကနဲဖြစ်သွားကာ ဘေးနားသို့ ကျသွားလေ၏။ ထိုအချိန် သူ​ရောက်လာပြီး မာဖလာလေးကို ကောက်ပေးလေ၏ ။

သူမ သည် ယခုမှ ကျောင်းကပြန်လာတာမို့ လက်တစ်ဖက်တွင် ပိုက်ဆံအိတ်ကိုကိုင်ထားမိပြီး။ ကျန်လက်တစ်ဖက်တွင် ကျောင်းမှ စာစစ်ရန်ယူလာသည့် အ​ဖြေလွှာများကို ကိုင်ထားလေ၏ ။

"ကျေးဇူးပါပဲ "

Irene က ခပ်တိုးတိုးလေး ဆိုလိုက်ပြီး ထိုမာဖလာလေးကို ဘယ်လိုယူရမလည်း တွေးနေစဥ်

" တို့လုပ်ပေးမယ်နော်...."

ထိုလူသည် ပြောလည်းပြော Irene လည်ပင်းထက်၌လည်း မာဖလာလေးကို ကြင်ကြင်နာနာနှင့်ပြုံးကာ လှပစွာ ပြန်လည် ချည်နှောင်ပေးလေသည်။

"ကျေးဇူးတင်ပါတယ် "

Irene လည်း ထိုလူကို ထပ်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"ရပါတယ် "

ထို လူက ခပ်တိုတိုပြောပြီး လှည့်ထွက်သွားသည်။
Irene လည်း Li ကို သတိရသွားမိသည်။ ဒီလူနေရာမှာLi ဆို ဘယ်လောက်ကောင်းလိုက်မလဲ ။ Irene လည်း မဖြစ်နိုင်မှန်းသိသိနဲ့ စိတ်ကူးယဥ်မိသော ကိုယ်ကိုကိုယ် အပြစ်တင်ဟန်ဖြင့် ခေါင်းလေးခါရင်း သက်ပြင်းချလိုက်၏ ။

💙 Troublemaker 💙Where stories live. Discover now