အိမ်တော်တခုအတွင်း.....
ဓားသံများနှင့်အတူ ဆူညံသံများရောပြွန်းလျက်....။အစေခံဟူသည်မရှိ....
သခင်ဟူသည် နားမလည်
မိမိလွတ်ရာလွတ်ကြောင်း အတွက်
ပြေးကြ ပုန်းကြသည်....."သားငယ် ဒီထဲမှာပဲနေနော်
ဘာတွေပဲဖြစ်ဖ့စ် လုံးဝထွက်မလာနဲ့နော်""သားကြောက်တယ် ဖေဖေ"
"မကြောက်နဲ့နော် သား....
ဖေဖေပြန်လာခဲ့မယ် ဖေဖေမလာမချင်း
ဒီထဲကနေလုံးဝမထွက်ရဘူးနော်""ဟု.."
"ပြွတ်စ်"
သားငယ်လေး၏နဖူးအား အနမ်းချွေလိုက်သည်....
ဒဤအနမ်းသည် နောက်ဆုံးအနမ်း
ဖြစ်လိမ့်မည်....ဤညသည်လည်း သူ့အတွက်
နောက်ဆုံးညပင်.......။"ရှင်းပစ်ကြ တယောက်မကျန်
အကုန်လုံးကိုသတ်ကြ...."အော်သံနက်ကြီးအဆုံး ဂျွန်အိမ်တော်အတွင်း
သွေးချောင်းစီးခဲ့ပြီ...."မ...မလုပ်...မလုပ်ပါနဲ့ရှင်...."
"ရားးးးးး.....ရွှမ်း"
ယခုအချိန်တွင် မည်သည့်တောင်းပန်တိုးလျှိုး
သံကမှ အသုံးဝင်ခြင်းအလျင်းမရှိတော့.....မျက်စိရှေ့တွင်ပင် မိန်းမကြီးအား
ခေါင်းဖြတ်လိုက်သည့် သွေးသံရဲရဲ မြင်ကွင်း
ကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသည်...
ထွက်ပြေးချင်ပေမယ့် ဖခင်ဖြစ်သူ၏စကားသံတို့က
နားထဲမှာ ပဲ့တင်သံအထပ်ထပ်
ကြောက်လွန်း၍လူက တုန်နေပြီ....
ငိုသံမထွက်အောင်သာ လက်ခုံကို သွားဖြင့်
နာနာကိုက်မိသည်....။"အခြေအနေဘယ်လိုလဲ"
"ကြွမြန်းလာပါပြီလား အရှင့်သား..."
ရင်းနှီးနေသောအသံ.....
အားတက်သွားရပြီ ဤအသံဟာ
သူတမ်းတနေခဲ့ရတဲ့အသံ....
အရှင့်သားဆိုတဲ့ခေါ်သံကြားတော့
ပိုလို့ပင်သေချာသွားပီ့ ဝမ်းသာမှုဟာအဆုံးမရှိ။ဖခင်၏မှာကြားသံကိုပင် သတိမရ
လျစ်လျူရှုကာ အားကိုးမည့်သူထံသာ
အပြေးအလွှားလာကာ လက်အစုံတို့ကို
ကိုင်ဆွဲလျက်...."ဟျောင်း....ဟျောင်း ကျတော့်ကို ကယ်ပါဦး
ဟျောင်းရယ်....ကျတော်တို့အိမ်ကိုလေ
ဘယ်ကမှန်းမသိတဲ့လူတွေ လာတိုက်ခိုက်
နေတယ်....ဟျောင်း...ဟျောင်း...."
YOU ARE READING
ဧကရာဇ်သက်လျာ