ကြေးမုံပြင်ရှေ့
မိဖုရားတပါးသဖွယ် ပြင်ဆင်ခြယ်သ
နေသော ဂင်ဆူဂျင်း....
တနည်းအားဖြင့်ဆိုသော်
နန်းရင်းဝန်အမတ်ဂင်၏ သမီး........."ငါဘယ်လိုနေလဲ အို့ဂျောင်..."
"မမလေးက သိပ်ကိုလှတာပဲ
အရမ်းကိုတောက်ပလွန်းလို့ မျက်လုံး
တွေတောင် ကျိန်းစပ်လာပြီ"သူမရဲ့အပါးစေ
အို့ဂျောင်ကဆိုလေတော့
သဘောကျစွာဖြင့်
ပါးချိုင့်တွေနစ်ဝင်သည်အထိ
အသိမ်မွေ့ဆုံးပြုံးသည်.....။"မင်းကြီးကရော
ငါ့ကို ဒီလိုပဲမြင်မယ်မလား""အ..ဟို......."
"ပြောလေ!!! ငါ့ကို မင်းကြီး
သဘောကျနိုင်လားလို့""ကျလောက်မယ်ထင်ပါတယ်"
"ထင်တယ်တဲ့လား...."
"ဟ..ဟို....သေချာပေါက်
ရင်အစုံကနေ နှစ်သက်မှာပါ...""ဟက်!! ဟုရဲ့လား...
ငါ့သဘောဆောင်ပြီးပြောနေတာလား""မမလေးလို အလှနတ်သမီးလေးကို
ပုထုစဉ်တိုင်းနှစ်သက်ပါတယ်...
မင်းကြီးကလည်း
ယောင်္ကျားသားတယောက်မို့
စွဲလမ်းမြတ်နိုးမိမှာပါပဲ""စိတ်ကျေနပ်တယ်...ရော့..
ယူသွားလိုက်!
ငါက ဆုချတာပဲ...ဟင်း""ကျေး...ကျေးဇူးတင်ပါတယ် မမလေး"
ဂင်ဆူဂျင်းကလှသည်....
သို့သော် ဒီဖအေဒီသမီးဆိုသလိုပင်
ရက်စက်သည် ယုတ်ညံ့သည်...
မင်းကြီးထယ်ယောင်းဟာ
သူမ၏စွဲလမ်းရာပင်
ဖြစ်သည်.....။မင်းကြီးကိုရဖို့ ၊ မိဖုရားခေါင်ဂုဏ်ပုဒ်
ရဖို့ အဘယ်အချင်းအရာမဆိုလုပ်မည့်
အစားထဲမှာ ယတိပြတ်ပါသည်...။÷÷÷÷÷÷÷÷÷÷ဧကရာဇ်သက်လျာ÷÷÷÷÷÷÷÷
နန်းတွင်းတခုလုံး
နန်းတွင်းသူများ ရဲမက်များဖြင့်
ရှုပ်ယှက်စွာရှိနေသည်...
အကြောင်းမှာကား
ကောက်ရိတ်သိမ်းပွဲတော်တွင်
စားပွဲကျင်းပကြရန်ပင်ဖြစ်သည်.....။..................
"အမ နင်ချည်းရွေးမနေနဲ့လေ
ငါ့လည်းကူရွေးပေးဦး""ကျစ်! လှတယ် ယူလိုက်"
ပွဲတော်တွင်ဝတ်ဆင်ရန်
ပိုးထည်များအား ကုကုတို့တသိုက်
ရွေးဝယ်ယူနေကြခြင်း...
YOU ARE READING
ဧကရာဇ်သက်လျာ