အပိုင်း (၂၅)

125 14 8
                                    

"မင်းကြီးကြွချီလာပါတယ်"

"အားရှီး တကယ်ပါပဲ ဒါနဲ့ဆို ဘယ်နှကြိမ်မြောက်လဲ "

"၅၇ ကြိမ်မြောက်ပါ မယ်မယ် "

"ပါးစပ်ပိတ်ထားစမ်းဂန်မူ"

အစေခံမလေးသည် ရယ်ကျဲကျဲဖြင့်သာ
ခေါင်းငြိမ့်အရိုအသေပြုပြီး ထွက်ခွာသွားတော့သည်

"ကိုယ်တော်လာတာတောင် ထွက်မကြိုတော့ဘူးလား မိဖုရား "

"ဘာမိဖုရားလဲ အခုထိလက်တောင်မဆက်ရသေးပဲနဲ့ကို .."

"အချစ်တွေပေါ့နေပြီပေါ့ "

"ဒီလောက်ထိ လေးပင်နေတဲ့အဆောင်အယောင်တွေနဲ့ လာတိုင်းချွဲနွဲ့ပြနေရမှာလား မင်းကြီးတယောက်ပဲ အလုပ်မရှိအကိုင်မရှိ လာနိုင်လွန်းတယ်"

"အော်ဟော် ကိုယ်တော်ချစ်လွန်းလို့ မြောက်မြားလှတဲ့တိုင်းပြည်ပြည့်ရှင်မင်းတပါးရဲ့ အလုပ်တွေကြားထဲကနေမှ ဟောဒီက မိဖုရားအတွက် မရမက အချိန်ထုတ်ပေးထားရတာနော် "

နမ်းဆိုသည့် သဘောမျိုးနဲ့ ပါးတဖက်ထိုးပေးလာတော့ လက်မောင်းကိုသာ ကုန်းကိုက်ပလိုက်သည်..

"အ! အားး အားး ဒီမှာ ခွေးပေါက် အဲ! ယုန်စွာလေးကိုက်နေတယ်ဗျို့ လုပ်ကြပါဦး!!!"

ကိုက်နေရင်းနဲ့မှ အရှိန်ပျက်စွာ ပါးစပ်ကို အမြန်ပိတ်ရသေးသည် မသိရင် ကိုယ်ကပဲ အားနည်းတဲ့သူ့ကို အနိုင်ကျင့်သလိုမျိုး

"ဟီးဟီး ကိုယ့်လက်ထဲ ရောက်လာပြီ"

အော် လတ်စသတ်တော့ ဒင်းကအကြံနဲ့ကိုး
စိတ်ဆိုးအောင် တမင်စပြီး ရင်ခွင်ထဲဆွဲသွင်းတာ
ရိုက်ဖို့ လက်တဖက်အရွယ် လက်ကောက်ဝတ်နုနုလေးကို လှမ်းဆွဲကာ ခါးလေးကို ထိန်းပွေ့လိုက်ပြီး နှုတ်ခမ်းနှစ်လွှာကိုစုပ်ယူလိုက်သည်

နိမ့်ချည်မြင့်ချည် ရင်ဘတ်အစုံကြား အသက်ရှူသံတွေရောထွေးစွာ ...

"စိတ်ပျက်သွားမှာလား "

ဟော! မျက်ရည်လေးဝဲတဲတဲနဲ့ မိဖုရားလေး ဘာဖြစ်ရပြန်တုန်း

"ဟင့်အင်း ကိုယ်တော် အသက်ထွက်သွားရင်တောင် ဝိညာဉ်က စွဲကပ်ကျန်နေမယ်ထင်တယ်"

ဧကရာဇ်သက်လျာWhere stories live. Discover now