အပိုင်း(၁၀)

392 38 3
                                    

"တကယ်ပဲ ဘာအဆိပ်လဲ
မသိတာလား!!"

မင်းကြီးသည် ခက်ထန်ထန်
အနေအထားဖြင့်မေးလေတော့
သမားတော်ကြီးခမျာ တကိုယ်လုံးတုန်လျက်
အသက်ပင်ဝအောင် မရှူနိုင်တော့!!

"ဟု..ဟုပါတယ် မင်းကြီး
ကျတော်မျိုးတကယ် မသိတာပါ
အခြား သမားတော်တွေလည်း
သိမ်ယ်မထင်ပါဘူး .."

သမားတော်ကြီးသည် ဒူးထောက်လျက်
သားပင် မင်းကြီးရှေ့တော်၌
တုန်ယင်နေသော နှုတ်ခမ်းဖြင့်
အထစ်ထစ် ဆိုသည်...။

"ဟက်!!! မောင်မင်းက
ကိုယ်အသုံးမကျတာကို သူများ
အကာပါ ယူလိုက်တာပဲ....."

"မ..ဒ..ဒီ ..အဆိပ်က..."

"တိတ်စမ်း!!!!"

သမားတော်ကြီးသည် ဇက်ပင်
မခိုင်တော့... ခေါင်းဖြတ်ခံရတော့မည်ကို
ကြိုသိနေသယောင်! မင်းကြီး၏
အမျက်တော်အကြောင်း နန်းတွင်းတခုလုံး
မသိသူမရှိ။

"သက်တော်စောင့်ဂျန်.."

"အသင့်ရှိကြောင်းပါ"

"နောက်ထပ်သမားတော်
ခေါ်လာခဲ့!! ဒီတယောက်ကိုတော့....
သီးသန့်အခန်းထဲမှာ ထည့်ထားပါ
အဆိပ်ရဲ့အဖြေရှိခဲ့ရင်....ငါကိုယ်တော်တိုင်
ကွပ်မြက်မယ်!!!"

"အမိန့်တော်အတိုင်းပါ"

အစောင့်တွေ!!!!

သက်တော်စောင့်ဂျန်အော်သည်နှင့်
အစောင့်တွေအလျှိုလျှိုဝင်လာပြီး
သမားတော်ကို ‌ဆွဲခေါ်သွားကြသည်...။

÷÷÷÷÷÷÷÷÷ဧကရာဇါသက်လျာ÷÷÷÷÷÷÷÷÷

ယီတယောက် ရေခပ်ရန်
ခြံနောက်ဘက်က ရေတွင်းဆီသို့
ရေပုံးတခုဖြင့် ထွက်လာခဲ့သည်...။

"ယီ…...."

ခေါ်သံတိုးတိုးလေး...
ယီကြားသည် နာမည်ခေါ်သံကို!
နားကြားလွဲသည်ဟုထင်ကာ
ရေသာဆက်ဖြည့်နေတော့သည်။

"ယီ...ယီလို့!!!!"

"ယီ...!!!!!!!"

မှန်နေပါပြီ!!
ယီနားကြားလွဲတာမဟုပါ
ယီ့နာမည်အား အမှန်တကယ်ခေါ်နေခြင်း
ဘေးဘီကြည့်မိတော့ တဉီးတယောက်မှ
ရှိမနေ!! ယီကြောက်စိတ်တွေ
တိုးလာခဲ့သည်...

ဧကရာဇ်သက်လျာWhere stories live. Discover now