"မြင်းပေါ်ကဆင်း..."
"လူယုတ်မာကြီး!!!
ဒီတောထဲ ခေါ်လာပြီး ဘာလုပ်ဖို့
ကြံနေတာလဲ !""ဒီလိုလူသူပြတ်တဲ့နေရာမှာ.........
ဘာအကြံများ ကြံလို့ရပါလိမ့်...!!""ကုကုကိုများ သံပုရာသီးမှတ်နေတယ်!"
အလျင်အမြန်ပင် အသင့်ဆောင်ထားသော
အကျီစအောက်မှ ဓားမြှောင်ကို
ထုတ်ကာ ဝတ်စုံနက်ကို ထိုးရန်ရွယ်လိုက်သည်.....အနက်ရောင်လူသားသည်
ဓားမြှောင်ကိုင်ထားသော ကုကုလက်အား
ဆွဲယူလွှတ်ချလိုက်ပြီး ဟန်ချက်ပျက်
သွားသော ကုကုခန္ဓာလေးအား
ခါးသွယ်သွယ်လေးမှ ဆွဲပွေ့ကာ...."အလှလေးက ယုတ်ညံ့တဲ့
ဓားချွန်တွေနဲ့ မလိုက်ဖက်ပါဘူး.."လေအေးတွေတိုက်နေသလား...?
ဝတ်စုံနက်၏ အသံသည် ဆွဲဆောင်မှု
တခုခုရှိနေသလို....ကုကုရင်ထဲ
အမည်မသိလှိုင်းလေး ဖြတ်ပြေးသွားသည်..။"အိုး....!!!
ကိုယ့်အလှလေးက သိပ်ကြောက်နေ
တာပဲ ...ခြေလက်တွေအေးလို့"ဆတ်ဆတ်ထိမခံကုကုသည်
သတိဝင်လာသည်နှင့် ဝတ်စုံနက်အား
ချက်ချင်းတွန်းထုတ်လိုက်သည်!ကုန်းမြင့်တခုဖြစ်တာကြောင့်
လေပြေအေးတွေ ဆက်တိုက်ဆိုသလို
တိုက်ခတ်နေသည်....။ဝတ်စုံနက်သည်ကုကုနားသို့
တဖြေးဖြေးကပ်လာနေသည်...
ကုကုသည် ဝတ်စုံနက်၏ ရင်ခွင်ထဲသို့
ထပ်မံ၍ပြိုကျသွားခဲ့လေတော့သည်..."လွှတ်..."
ရုန်းကန်ထွက်နေသည့်ကုကုကို
အရာတခုက ရပ်တန့်သွား
စေခဲ့သည်...ဝတ်စုံနက်၏ မျက်နှာစီးသည်
လေအဝှေ့တွင် ပြည်ကျသွားခဲ့သည်"လူကြီးမင်း..."
"အင်း"
"အား တကယ်ပဲ...
အား!!! တကယ်ကိုပါပဲ ဟား..!!!!!"အနက်ရောင်ဝတ်စုံနှင့်
မင်းကြီးထယ်ယောင်းသည် ပြုံးစိစိပင်..."ကုကု.."
"(မခေါ်နဲ့)³ လာမခေါ်နဲ့!!"
"လွန်တာ တကယ်ကိုလွန်တာ.."
"ကုကု ကိုယ်ရှင်းပြ....."
"မရှင်းနဲ့ မလိုဘူး!!
ဘာကို ရှင်းပြချင်တာလဲ.ဟမ်?"
YOU ARE READING
ဧကရာဇ်သက်လျာ