"ဟဲ့ ခလေး သွားစမ်း!!!
သွား...သွား!!!""တောင်းပန်ပါတယ်ကြီးကြီးရယ်
ဗိုက်အရမ်းဆာနေလို့ပါ အီးဟီး....အီး
တခုလောက်ကျွေးလို့မရဘူးလားဟင် ရွှတ်"မျက်ရည်စက်လက်ဖြင့် ဗိုက်ခလေးပွတ်ကာ
လျှာလေးတသပ်သပ်ဖြင့်
ပြောနေပါသော ခလေးငယ်....
ဘယ်သူကများ ဒီညစ်ပတ်ပေရေနေတဲ့
ခလေးကို သနားမှာလဲ..?လောကကြီးက ရက်စက်မှုတွေနဲ့ဖံုးလွှမ်းနေတယ်....
အာဏာရှင်ဆန်ဆန်ပါပဲ...
ကြီးနိုင်ငယ်ညှင်းလုပ်မှုတွေက
နေရာတိုင်းမှာ အပြည့်!
လူသတ်တာလား..!
ကလေးကစားနေသလိုအလွယ်လေးပင်...
ငွေစရှိရင် အာဏာရှိမယ်
အာဏာမြဲရင် အသက်မြဲမယ်....။ဤကဲ့သို့သော ခေတ်ပျက်ကြီးမှာ
ဘယ်သူတွေကများ ဆာလောင်နေတဲ့
ဒီခလေးငယ်ကို ဖြေသိမ့်ပေးမှာလဲ?စုတ်ချာနေတဲ့သူဆို နှိမ့်ချမယ်
သူချမ်းသာဆို ဖားယားကာပေါင်းမယ်...
လူကြီးမပြောနဲ့ ဖြူစင်လွန်းပါတယ်ဆိုတဲ့
ကလေးငယ်တွေကပင် အရောင်စွန်းနေတဲ့
စိတ်ရုိင်းတွေအပြည့်....
.
.
.
.
အရှင်းမပျောက်နိုင်ပေမယ့်လည်း
အနဲငယ်သက်သာရာ ရနိုင်မလားဟု
ရင်ထဲကအစိုင်အခဲတချို့ကို ဖယ်ထုတ်ရန်
နှစ်သစ်ကူးပွဲဈေးတန်း၏ လူရှုပ်နေပါသော
အလယ်တနေရာကို ရောက်နေခြင်း....ငယ်စဉ်ထဲက ဤကဲ့သို့သော ပွဲတော်များသည်
သူမအဖို့ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနေကျ..."ဒီနေ့ကတော့ မတူဘူးထင်ပါရဲ့.."
သက်ပြင်းလေးအသာအယာချကာ
ကောင်းကင်ကြီးကို လွမ်းလွမ်းဆွေးဆွေး
ကြည့်မိတယ်....
အရင်ကဆို ဒီလိုနေ့မျိုးမှာ ငယ့်လက်ကို
ဆွဲကာ ပွဲတော်အတွင်း သောင်းကျန်းနေကျ
နှစ်ကူးပွဲတော်ကြီးသည်
ပျော်ရွှင်စရာ အရာတွေနဲ့အတိပြည့်နှက်နေပေမယ့်
ထားခဲ့လေသူ၏ အရိပ်အငွေ့သက်တွေအောက်
ရုန်းမထွက်နိုင်ပါသော သူမအဖို့တော့
အကျည်းတန်လွန်းလှသည်....။"မင်းအဆင်ပြေနေရဲ့လား ခလေးငယ်...."
ကောင်းကင်ကြီးကိုကြည့်ကာ
ဆွေးဆွေးမြေ့မြေ့ပြောနေပါသော
အိမ်တော်၏ သခင်မလေးအား အိမ်တော်ထိန်ဂန်
အလွန်မှသနားမိသည်...။
YOU ARE READING
ဧကရာဇ်သက်လျာ