အပိုင်း(၉)

385 40 2
                                    

"မင်းကြီး....!!!"

°°°°°°°°°°°.......,

"ယောလေး....."

"ယောလေးဒဏ်ရာရလာတယ်!!"

ဆန်းဟိုက အလန့်တကြားအော်တော့
အမတ်ဂင်နှင့်ရဲမက်အပေါင်းအပါ
အချို့တဲအပြင်သို့
ထွက်လာကြတယ်...

"သား....."

အမတ်ဂင်၏နှုတ်မှထွက်သောစကား....

"ဆန်းဟို ငါ့ကို..
ဆေးဆရာ သွားခေါ်ပေး.."

"အင်း...."

ယောလေးပြောသည်နှင့်
ဆန်းဟိုသည် သုတ်သီးသုတ်ပြာ
ထွက်သွားတော့သည်..။

"ဒဏ်ရာလည်း သိပ်မနက်ပါဘူး...
ဘာကြောင့်များ ဒီလောက်တောင်မှ
ဖျော့တော့နေရတာလဲ ယောလေး!!!"

"........."

"ငါ့အမွေကို ဆက်ခံမယ့်
ငါ့သားက သိပ်ပျော့ညံ့လွန်းတယ်!!
ရှက်စရာပဲ..!!!!"

ယောသည် မည်သည်မှမဆိုနိုင်!!
ခေါင်းသည် ချာချာလည်အောင် မူးနေပြီး
လဲမကျသွားစေရန် ထိန်းထားရသည်...
တဖြေးဖြေးနဲ့ ဒဏ်ရာကလည်း
သွေးပိုထွက်လာပြီး နာကျင်သည်ထက်
နာကျင်လာရသည်...နှုတ်ခမ်းတွေဟာ
ပြာညစ်ညစ်.! တကိုယ်လုံးလည်း
သံနဲ့ရိုက်ခံထားရသလို ပျော့ခွေလျက်....။

အမတ်ဂင်သည် သားဖြစ်သူအား
အလိုမကျဟန်ဖြင့် မြည်တွန်
တောက်တီးကာ မာန်ပါပါလှည့်ထွက်
သွားလေတော့သည်.။

"အမတ်ဂင်တို့သားအဖက
သိပ်စိမ်းကြသလိုပဲ.....ယောလေးက
ငယ်ပါသေးတယ်..အလျော့ပေးသင့်သလောက်တော့ အမတ်ဂင်ကပဲ
အလျော့ပေးလိုက်ပေါ့...."

အမတ်မင်က ခနဲ့သလို
လှောင်ပြုံးပြုံးကာ ပြောလေတော့...

"ဟက်!!အမတ်မင်က
သားမမွေးထားတော့ သားကို
ထိန်းကျောင်းပုံနည်းတွေ
ဘယ်သိပါ့မလဲဗျာ..."

အမတ်ဂင်သည် တဟားဟား
အော်ရယ်ကာ ရှေ့သို့သာ
ဆက်လျှောက်သွားခဲ့သည်....
နောက်မှာ ကျန်ခဲ့သူ အမတ်မင်ကတော့
နီရဲလျက်တင်းမာနေသော
မျက်နှာထားဖြင့် ....

÷÷÷÷÷÷÷÷÷÷ဧကရာဇ်သက်လျာ÷÷÷÷÷÷÷÷

"ဟားး..!!! လူကြီးမင်း
တကယ်ကိုပဲ ဟူးးးးး"

ဧကရာဇ်သက်လျာTempat cerita menjadi hidup. Temukan sekarang