အပိုင်း(၁၅)🚨

716 44 4
                                    

ခိုက်ခိုက်တုန်အောင် ချမ်းပါသည်...။

မိုးရေများကြားတွင်
အမှောင်ကျသွားသော အခန်းငယ်ကို
ယောကြည့်နေမိသည်....

နာကျင်လာသောရင်အစုံနှင့်အတူ
အားနည်းလာသော ခန္ဓာကိုယ်သည်
ဒူးထောက်လျက်သား
မြေပြင်ပေါ်သို့ ခွေကျသည်....

ယောငိုနေသည်လား...?
မသဲကွဲ!!!
တကိုယ်လုံးနေရာလပ်မကျန်အောင်
စိုရွှဲနေသော ယောသည်
ငိုနေသည်လော မငိုလော လုံးဝ
မသဲကွဲနေပါ....

အသိစိတ်!!!
ချစ်ရသူက အခြားတယောက်ရဲ့
ရင်ခွင်ထဲ အိပ်မောကျနေသည်ဆိုသော
ယောရဲ့ အသိစိတ်က
ယောကို ပိုနာကျင်စေသည်...

လူသည်ခိုက်ခိုက်တုန်အောင်
ချမ်းနေပါသော်လည်း
နှလုံးသားကတော့ လောင်ကျွမ်းနေသည်။

............။

ဘုရားကျောင်းအတွင်း
သခင်မရဲ့ဆုတောင်းသံနှင့်တုံးခေါက်သံသာ
ပျံ့လွင့်နေသည်....
ညအတော်နဉ့်နေပြီဖြစ်တာကြောင့်
အငြှိုးကြီးနေသော မိုးသံမှအပ
အခြားအသံတစုံတခုကို မကြားရပေ...

ခြုံစောင်အစလေးကိုဆုပ်ကာ
သစ်သားကုတင်ဆွေးဆွေးလေးထက်
လဲလျောင်းနေပါသော
အွန်းစောသည် ပြုံးယဲ့ယဲ့လေး....

ဘာအကြောင်းတွေကိုများ
တွေးပြီး ကြည်နူးနေလဲ ဆိုတာတော့
ကာယကံရှင် အွန်းစောသာလျှင်
သိပါလိမ့်မည်.....။

"အားးး.....ဒီလူကို
ရူးအောင်လုပ်သွားတာပဲ အဟိ"

ရှက်ပြုံးလေးပြုံးကာ
မီးအိမ်ငြှိမ်းရန် အွန်းစော
ထလိုက်လျှင်ပင် မနီးမဝေးတနေရာက
လူရိပ်ကို လှမ်းတွေ့လိုကါသည်...

သိလိုဇောနှင့် ပြတင်းပေါက်နား
ကပ်သွားကာ မီးအိမ်လေးပင့်ပြီး
မျက်လုံးကစားကြည့်‌လေတော့......

"အိုး!! ဘုရားရေ....
ညကြီးအချိန်မတော် ဒီးမိုးဒီလေထဲ
ဒီလူ ဘာလုပ်နေတာပါလိမ့်!"

ကြည့်နေရင်းပင် ထိုလူသည်
မြေပြင်ပေါ်သို့ လဲကျသွားသည်...
ထီးတချောင်းကို အမြန်ယူကာ
အလျင်အမြန်ပင် အွန်းစော ထိုလူဆီသို့
အပြေးသွားခဲ့သည်...

ဧကရာဇ်သက်လျာDonde viven las historias. Descúbrelo ahora