အပိုင်း(၁၂)

650 39 3
                                    

မင်ယွန်းဂျီတယောက်
ကြားလိုက်ရတဲ့စကားတွေကို
ခုတိုင် မယုံနိုင်သေး....
နားနှစ်ဖက်ကို သံရည်ပူလောင်း
ထည့်လိုက်သလိုပဲ!

**အမတ်ဂင် ကျတော်တို့
လုပ်ရပ်တွေ ရပ်တန့်လိုက်ရင်
ကောင်းမယ်**

**ဘာကြောင့်များလဲ**

**အကယ်၍ မင်းကြီးသာ
ဒီကိစ္စသိသွားရင်....**

**အမတ်မင်က စိုးရိမ်စိတ်
လွန်ကဲနေတာပဲ!
ဒီမနက်ပဲ ယောလေး သတင်းပို့တယ်
မူမမှန်တာ မရှိဘူးတဲ့**

**ဒါပေမယ့်.....**

**အော်ဟော် ဒီပုန်ကန်မှုသာ
အောင်မြင်ရင် တိုင်းပြည်က
ကျတော်တို့ လက်ထဲရောက်လာမှာနော်
အမတ်ဘတ်! စဉ်းစားကြည့်စမ်းပါ...**

**မအောင်မြင်ခဲ့ရင်ရော...**

ဒုန်းးးးးးးးးး

**အမတ်မင်က ‌အတော်လေး
အကြောက်ကြီးတာပဲ!!
သမီးတွေရဲ့ဖခင်ဖြစ်လို့များလား ...**

**မဆိုင်တာတွေဆွဲမထည့်ပါနဲ့ အမတ်ဂင်!!!
ဒီတခေါက် ကိစ္စတောင် မအောင်မြင်
ဘဲနဲ့များ..!!!! **

**ကိစ္စတိုင်း မအောင်မြင်နိုင်ဘူး!!
တခါရှုံးနိမ့်တာနဲ့ပဲ လွယ်"လက်လျှော့
လိုက်မတဲ့လား... အခွင့်ရှိသရွေ့
ကြိုးစားနေရအုံးမှာပဲ**

** ဘိုးဘေးတွေကို ကြည့်မယ်
ဆိုရင်လည်း အာဏာရဖို့ နေရာတည်မြဲဖို့
မသမာတဲ့နည်းတွေ သုံးခဲ့ကြတာပဲ!!
ကျတော်တို့လိုချင်တာ တိုင်းပြည်
တခုလုံး ..ပေးဆပ်ရမယ့်
တန်ကြေးကလည်း များသလို
ရလာမယ့် အမြတ်ကလည်း မနည်းမနော!**

**နှုတ်ကထွက်လာတဲ့ စကားတိုင်းက
အမိန့်!! လက်က ချရေးတဲ့
စာကြောင်းတိုင်းက ဥ‌ပဒေ.....လက်ညှိုး
ညွှန်ရာ အသပြာဖြစ်ချင်ရင်၊ ခပ်သိမ်းကို
လက်ခုပ်ထဲကရေ ဖြစ်စေချင်ရင်
အခုလို ရှုးနိမ့်မှု တခုထဲနဲ့ အမတ်မင်
သွေးစုတ်နေလို့မရဘူးး**

**အမတ်ဂင်.....**

**ထီးနန်းကိုရဖို့အတွက်
နှစ်‌ေတွမနည်း ကြိုးစားခဲ့ရတာ...
အမတ်မင်က လက်လွှတ်နိုင်ရင်တောင်
ကျတော်ကတော့ အလျှော့ပေးမှာမဟုဘူး**

ဧကရာဇ်သက်လျာWhere stories live. Discover now