မုန်တိုင်းရှိသည်ထင်....
မြို့တော်တခုလုံး လေပြင်းတွေ
တမဟုန်ထိုးတိုက်ခတ်နေသည်.....
လျှပ်စီးနှင့်မိုးခြိမ်းသံဟာလည်း အထပ်ထပ်
စီကားလှသော မင်းနေပြည်တော်ကြီး
သည် ယခုတွင်မူ ခြောက်ခြောက်ကပ်ကပ်!"အွန်းစော...အွန်းစောရေ.....
ချွဲအွန်းစော.!!!""သမီးလေးမရှိဘူး မိန်းမပျိုလေးရဲ့..
ဘာအရေးကိစ္စများလဲကွယ်""အမယ်က အွန်းစောရဲ့မိခင်များလား"
"ဟုပါတယ်ကွယ်...သမီးနဲ့များ......"
"မစိုးရိမ်ပါနဲ့ အမယ်!
ကျမက မင်ဆိုမီရဲ့အမ မင်ယွန်းဂျီပါ""အာ...သခင်မလေးမင်!!
အိမ်ထဲကိုဝင်ခဲ့ပါ...လာပါ..."
.
.
.
"သခင်မလေးတို့ အိမ်လောက်
မခမ်းနားတော့ ဝင်လာခိုင်းရတာ
အားနာလိုက်တာ....""အမယ်တို့အိမ်လေးကအေးချမ်းပါတယ်"
"အွန်းစောက တလတခါ ဘုရားကျောင်း
သွားတယ်ကွဲ့...ပြီးရင် အဲ့မှာပဲ
တပတ်လောက် တရားရိပ်ခိုတတ်တယ်
ဒီနေ့သူပြန်လာရမှာ....
လေကြီးမိုးကြီးနေလို့ ပြန်မလာဖြစ်
တော့ဘူးထင်ပါရဲ့..""အွန်းစောက လိမ္မာရေစခြားရှိတဲ့
ခလေးမပါ...ကျမညမ ဆိုမီကတော့....
ပျောက်လို့ လိုက်ရှာနေရပါတယ်
အမယ်ရယ်..""ဆိုမီလေးကလည်း
ထက်မြက်တဲ့ခလေးတယောက်ပါပဲကွယ်
သူလည်း ရာသီဥတုထန်နေတော့
ရင်းနှီးတဲ့ တအိမ်မှာ ဝင်ခိုနေတာ
ဖြစ်ပါလိမ့်မယ်..သခင်မလေးမင်ရဲ့!""ကဲပါ အမယ်တို့အိမ်မှာလည်း
မရှိဘူးဆိုတော့ ကျမ
သွားလိုက်ပါဦးမယ်...""ဟို!!သခင်မလေး..."
"......"
"အပြင်မှာ အခြေနေ အရမ်းဆိုး
နေတာဆိုတော့ ပြန်ဖို့
မသင့်ဘူးထင်ပါရဲ့...ဒီညတော့
ဒီမှာပဲ တညကုန်လိုက်ပါလား....."÷÷÷÷÷÷÷÷÷÷ဧကရာဇ်သက်လျာ÷÷÷÷÷÷÷÷
"အားရှီး!!! လူကြီးမင်း!!
ဘလိုဖြစ်နေရတာလဲ......""ချမ်းလို့ ခနဖက်တာ"
"စောစောပြန်ခဲ့သင့်တာ
အမတော်ကတော့ စိတ်ပူနေတော့မှာပဲ"
YOU ARE READING
ဧကရာဇ်သက်လျာ