အပိုင်း(၆)

580 61 8
                                    

"ကျတော်မျိုး ရောက်ပါပြီ
အရှင့်သား...."

"......."

"အရှင့်သား....အရှင့်!!"

"ရှူးးးး!!!!"

စိတ်မရှည်ဟန်နဲ့အတူ တဖက်ကို
မျက်နှာပြန်လှည့်သွားပါသော
အရှင့်သား.....အမျက်တော်ရှနေတာလား?
မဟု!!!ငေးမောနေရာကို ကြည့်မိတော့
နူနားယွန်းဂျီနဲ့ သက်တော်စောင့်ဂျန်....။
အခြေအနေအားလုံးကိုနားလည်လိုက်ပြီ။

"အရှင့်သား အခုလိုမျိုး
ချောင်းမြောင်းခြင်းက မသင့်တော်လှပါဘူး"

"အော်ဟော် !! မောင်မင်းက
ဘယ်လိုထင်နေတာတုန်း"

"နေရောင်ကပြင်းလွန်းတာကြောင့်
အရှင့်သား မျက်လုံးထိခိုက်
မိမှာစိုးရိမ်လို့ပါ....ခိ"

"မောင်မင်း အခု ငါ့ကို
လှောင်နေတာလား"

ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်...
စ‌ေတွ့ခါစက အိမ်ရှေ့စံကို
အလွန်မှကြောက်ပါသည်...သို့သော်ငြား
ယခု အခြေအနေမှာတော့ ဆန့်ကျင်ဘက်!!
အချိန်အတော်ကြာ အတူရှိခဲ့တာက
အကြောင်းပြချက်ကောင်းဖြစ်လိမ့်မယ်
ထင်တယ်....။

"မ...မဟုရပါဘူး...အရှင့်သား.."

"အမတ်ဂျွန်သားကလွဲ အကုန်ထွက်သွားကြ!!!"

"ကျတော်မျိုးမှားပါတယ် အရှင့်သား!!!
ခွင့်.. ..ခွင့်လွှတ်တော်မူပါ...
အရှင့်သား ..အမျက်တော် ဖြေပါ"

အိမ်ရှေ့စံ၏ နောက်လိုက်အသီးသီးဟာ
တိုးတီးတိုးတီးဖြင့် အလျှိုလျှို
ထွက်သွားကြသည်...။

"ဟဲ့ အရှင့်သားက အပြစ်ပေးမယ်ထင်လား"

"အေးပေ့ါအေ အနည်းဆုံး
ကြိမ်ဒဏ် သုံးဆယ်အသာပဲ"

"ဟိုကောင်လေးကတော့
သနားစရာပါပေ"

"ဟုပါ့ ဟုပါ့ နုနုနယ်နယ်လေးရှိသေးတာကို"

.
.
.
.
"ခွင့်လွှတ်တော်မူပါ အရှင့်သား....ခစ်
ခစ်..ခစ်"

"ဂျွန်ငယ်....."

ရီနေလိုက်တာများ
ခေါင်းတောင်မဖော်အားတော့ဘူး
ဒီကောင်ငယ်လေး ကျတော့်ကို
တော်ဝင်သွေးဆိုတာများ မေ့လျော့‌ေန‌ေလသလား....အခွင့်အရေးပေးတာတွေ
အရမ်းများနေပြီလား!!

ဧကရာဇ်သက်လျာHikayelerin yaşadığı yer. Şimdi keşfedin