"မင်အိမ်တော် တော်ဝင်အမိန့်နာခံပါ"
မိန်းမစိုးအသံအဆုံး မင်အိမ်တော်တခုလုံးဟာ မြေပြင်အထက် ဒူးထောက်လစားလျက်...
"မင်အိမ်တော်၏ သမီးငယ် မင်သခင်မလေးအား ငါကိုယ်တော်မြတ် နှစ်သက်တော်မူသည်၊ သို့ဖြစ်ပါ၍ ညှာတာထောက်ထားသောအားဖြင့် မင်မိန်းခလေးအား ငါကိုယ်တော်မြတ်၏ ကြင်ယာအဖြစ် ဝမ်းပမ်းတသာ မြှောက်စားမူမည်။ "
အမိန့်တော်အား ဖတ်ပြီးသည်နှင့် မိန်းမစိုးသည်
သဝဏ်လွှာအား ပြန်လည် ခေါက်ပိတ်လိုက်ပြီး"အမိန့်တော်ကို လက်ခံပါ မင်မိန်းခလေး "
ကုကုသည် မျက်လုံးရွဲကြီးများဖြင့်သာငေးကြည့်နေနိုင်တော့သည်...
သူက တကယ်ပဲ ဘုရင့်ကြင်ယာတော်ဖြစ်လာတော့မှာလား.."မင်မိန်းခလေး!!! အမိန့်ကိုဖီဆန်ချင်တာလား မင်းဒဏ်သင့်ချင်လို့လား "
"ကုကု.."
အမတော်၏ တိုးလျလျ ခေါ်သံကြားအှ ကုကုသတိပြန်ဝင်လာတော့သည်၊
အကုန်လုံးကလည်း ကုကုကို ဝိုင်းကြည့်နေကြသလို
ရပ်ကွက်တခုလုံးလည်း စုရုံးလာနေကြသည်မှာ မျက်မြင်!
တီးတိုးတီးတိုးသံတွေကလည်း မကြားချင်မှအဆုံး!!"မင်မိန်းခလေး!!!"
မိန်းမစိုး၏အသံက ပိုကျယ်လာသလို ၊
ကုကုလည်း အနည်းငယ်ရှေ့တိုးလိုက်ပြီး အမိန့်သဝဏ်လွှာကို လက်နှစ်ဖက်ဖြင့် အသေအချာလေး လက်ခံလိုက်သည် ၊
ထိုမှသာ မိန်းမစိုးကြီးကလည်း ကျေနပ်သွားဟန်ဖြင့်"မင်မိန်းခလေး...ညနေကြရင် ကြိုမယ့်ဝေါယာဉ်လွှတ်လိုက်မှာမို့ ကြိုပြင်ဆင်ထားလိုက်ပါ"
ကုကုလည်း ခေါင်းလေးသာ ငြိမ့်ပြလိုက်ပြီး
မိန်းမစိုးကြီးမှာလည်း ရဲမက်အချို့နဲ့ အတူပြန်သွားချေပြီ၊
ရဲမက်သုံးယောက်လောက်ကတော့ မင်အိမ်တော်ရှေ့အစောင့်အဖြစ်ကျန်ခဲ့ရှာသည်။Author _ JulyTaekook 🍓
ဟဲဟဲ" ဒီနေ့မှမတင်ရင် မေတ္တာပို့မှာစိုးလို့ အမြည်းကျွေးထားလိုက်တယ်ရှင့်
Wifi ပျက်နေတာနဲ့ မup ဖြစ်တာ အပျင်းထူတာလည်းပါတာပေါ့နော် ဟီး
ချစ်တယ်မလား ခွင့်လွှတ်😘~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင္အိမ္ေတာ္ ေတာ္ဝင္အမိန႔္နာခံပါ"မိန္းမစိုးအသံအဆုံး မင္အိမ္ေတာ္တခုလုံးဟာ ေျမျပင္အထက္ ဒူးေထာက္လစားလ်က္...
"မင္အိမ္ေတာ္၏ သမီးငယ္ မင္သခင္မေလးအား ငါကိုယ္ေတာ္ျမတ္ ႏွစ္သက္ေတာ္မူသည္၊ သို႔ျဖစ္ပါ၍ ညွာတာေထာက္ထားေသာအားျဖင့္ မင္မိန္းခေလးအား ငါကိုယ္ေတာ္ျမတ္၏ ၾကင္ယာအျဖစ္ ဝမ္းပမ္းတသာ ျမႇောက္စားမူမည္။ "
အမိန့္ေတာ္အား ဖတ္ၿပီးသည္ႏွင့္ မိန္းမစိုးသည္
သဝဏ္လႊာအား ျပန္လည္ ေခါက္ပိတ္လိုက္ၿပီး"အမိန႔္ေတာ္ကို လက္ခံပါ မင္မိန္းခေလး "
ကုကုသည္ မ်က္လုံး႐ြဲႀကီးမ်ားျဖင့္သာေငးၾကည့္ေနနိုင္ေတာ့သည္...
သူက တကယ္ပဲ ဘုရင့္ၾကင္ယာေတာ္ျဖစ္လာေတာ့မွာလား.."မင္မိန္းခေလး!!! အမိန႔္ကိုဖီဆန္ခ်င္တာလား မင္းဒဏ္သင့္ခ်င္လို႔လား "
"ကုကု.."
အမေတာ္၏ တိုးလ်လ် ေခၚသံၾကားအွ ကုကုသတိျပန္ဝင္လာေတာ့သည္၊
အကုန္လုံးကလည္း ကုကုကို ဝိုင္းၾကည့္ေနၾကသလို
ရပ္ကြက္တခုလုံးလည္း စု႐ုံးလာေနၾကသည္မွာ မ်က္ျမင္!
တီးတိုးတီးတိုးသံေတြကလည္း မၾကားခ်င္မွအဆုံး!!"မင္မိန္းခေလး!!!"
မိန္းမစိုး၏အသံက ပိုက်ယ္လာသလို ၊
ကုကုလည္း အနည္းငယ္ေရွ႕တိုးလိုက္ၿပီး အမိန႔္သဝဏ္လႊာကို လက္ႏွစ္ဖက္ျဖင့္ အေသအခ်ာေလး လက္ခံလိုက္သည္ ၊
ထိုမွသာ မိန္းမစိုးႀကီးကလည္း ေက်နပ္သြားဟန္ျဖင့္"မင္မိန္းခေလး...ညေနၾကရင္ ႀကိဳမယ့္ေဝါယာဥ္လႊတ္လိုက္မွာမို႔ ႀကိဳျပင္ဆင္ထားလိုက္ပါ"
ကုကုလည္း ေခါင္းေလးသာ ၿငိမ့္ျပလိုက္ၿပီး
မိန္းမစိုးႀကီးမွာလည္း ရဲမက္အခ်ိဳ႕နဲ႕ အတူျပန္သြားေခ်ၿပီ၊
ရဲမက္သုံးေယာက္ေလာက္ကေတာ့ မင္အိမ္ေတာ္ေရွ႕အေစာင့္အျဖစ္က်န္ခဲ့ရွာသည္။Author _ JulyTaekook 🍓
ဟဲဟဲ" ဒီေန႕မွမတင္ရင္ ေမတၱာပို႔မွာစိုးလို႔ အျမည္းေကြၽးထားလိုက္တယ္ရွင့္
Wifi ပ်က္ေနတာနဲ႕ မup ျဖစ္တာ အပ်င္းထူတာလည္းပါတာေပါ့ေနာ္ ဟီး
ခ်စ္တယ္မလား ခြင့္လႊတ္😘~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
ဧကရာဇ်သက်လျာ
Fanfictionဒိတကြိမ်တော့ လက်လွှတ်မှာမဟုတော့ဘူး..... ဒိတႀကိမ္ေတာ့ လက္လႊတ္မွာမဟုေတာ့ဘူး.....