"ဘာကြောင့်လဲ? ဘာကြောင့် စွန့်လွှတ်ပေးရမှာလဲ မင်ယွန်းဂျီ! "
"မသင့်တော်တာတွေဖြစ်ကုန်မှာစိုးလို့ပါအရှင်"
"ဘယ်လို မသင့်တော်တာများလဲ .."
"ကျတော်မျိုးမ အမှန်အတိုင်းပြောပြပါ့မယ်
အမှန်ကိုသိပြီးရင်တော့ ကျတော်မျိုးမကိုပဲ မင်းကြီးအပြစ်ပေးပါ လိမ်ညာတာက ကျတော်မျိုးမတယောက်ထဲပါ ""ကောင်းပြီ!"
"ယောင်္ကျားတယောက်ပဲ အရှင်..
အရှင်နှစ်သက်နေတဲ့ ကျတော်မျိုးမရဲ့ညမတော်ဟာ အမျိုးသမီးငယ်တယောက်မဟုနေဘူးအရှင်၊ သူ....သူက ယောင်္ကျားတယောက်ပါ....အရှင်နဲ့ဘယ်လိုမှမသင့်တော်ပါဘူး ""အကြောင်းပြချက်ကဒါလား"
"အရှင်...."
မင်ယွန်းဂျီက ကိုယ်တော့်ကို အသနားခံတဲ့
မျက်ဝန်းတွေနဲ့မော့ကြည့်လာတယ်
ဒါပေမယ့် အမုန်းတရားတွေကတော့ရှိနေဆဲ.."နားထောင်လို့တော့ ကောင်းသားပဲ
ဒါပေမယ့် ကိုယ်တော်က သိပြီးနေပြီးသား...""ဟင်!!"
"အင်း..ဒါကြောင့်မို့ ယွန်းဂျီ..မင်းက ဘာမှ
စိုးရိမ်စရာမလိုဘဲ ထလို့ရပြီ"မဖြစ်နိုင်ဘူး၊ ဟင့်အင်း မဖြစ်သင့်ဘူး
ကုကုသာ ယောင်္ကျားတယောက်မှန်းသိသွားရင် မင်းကြီးသိသွားခဲ့ရင် အမျက်အလွန်အမင်းထွက်ပြီး လက်လျှော့လိုက်မယ်လို့ ထင်ထားခဲ့တာလေ...အခု..အခုက....ဟင့်
မဖြစ်သေးပါဘူး ကုကုကိုသာ ဂျောင်ကုမှန်း
မင်းကြီးသိသွားခဲ့ရင်...ဟင့်အင်း မဖြစ်ဘူး
မင်ကြီးအကြောင်းငါသိတယ် သူ..သူထပ်ပြီးသတ်ပစ်အုန်းမှာပဲ..ငါ......"သိနှင့်ပြီးသား.... ...
ဂျောင်ကုမှန်းသိနှင့်နေပြီးသားမို့
မင်းမစိုးရိမ်ပါနဲ့ ယွန်းဂျီ"ယွန်းဂျီ ထိန်လန့်သွားခဲ့သည်၊
သူမအတွေးတွေကိုများ ကြားသွားလေသလား?" စိုးရိမ်ရမှာပေါ့!!! အရှင်မင်းကြီးက ငယ်ရွယ်တဲ့ခလေးတုန်းကတောင် အလွတ်မပေးဘဲ လူမဆန်စွာ သတ်ပစ်ခဲ့တာပဲလေ အခုရော ထပ်မလုပ်နိုင်ဘူးလို့ ပြောလို့ရမလား"
YOU ARE READING
ဧကရာဇ်သက်လျာ