ညဟာအလွန်တရာမှတိတ်ဆိတ်ငြိမ်သက်လျက်....၊
ဂျလွတ်!! ဂျွတ်...ဝှီးးး...ဘုတ်!"အ့...အာ......ကျစ်"
သာမာန်အရပ်ဝတ်လေးနှင့်လူရွယ်တယောက်...၊
မင်အိမ်တော်အတွင်းသို့ ခြံစည်ရိုးဘောင်ပေါ်မှကျော်၍ ခိုးဝင်နေသည်...။
ဤသူသည် သူခိုးလော..???
မဟုလောက်ပေ....ခါးထက်ဆောင်လွယ်ထားသော တန်ဖိုးကြီး ဓါးတလက်အားကြည့်ခြင်းဖြင့် ဤသူသည် သာမာန်အရပ်သားလည်းမဖြစ်နိုင်လောက်ပါ.....။ခိုးဝင်လာသည်မို့ လူမမိအောင်
အသံတစိုးတစိမှ မထွက်စေသော်လည်း
ပုရစ်အော်သံမှလွဲ အပ်ကျသံပင်ကြားရသည်အထိ တိတ်ဆိတ်နေလှသော ညအချိန်အခါဖြစ်သည်မို့....လူရွယ်လေးမျှော်လင့်ထားသလို...ပြီးပြည့်စုံသည့် ခုန်ကျော်ခြင်း မဖြစ်လိုက်သည်မို့ ကျစ်တချက်စုပ်ကာ ညည်းတွားလိုက်သည်....။ဟိုဟိုဒီဒီကြည့်ကာ လူရှိမရှိအရိပ်အခြေအကဲဖြတ်ပြီးနောက်
ထိုလူရွယ်လေးသည်...မင်အိမ်တော်၏ သခင်မလေးအိပ်ဆောင်သို့ တန်းတန်းမတ်မတ်သာ လျှောက်လှမ်းလာခဲ့သည်......၊
လပြည့်ညမဟုသော်လည်း...
လူရွယ်လေး၏ ကိုယ်အရှိန်အဝါနှင့်လရောင်ပေါင်းစပ်ကာ...လူရွယ်၏မျက်နှာအားမြင်ရချိန်မှာတော့......ဤလူဟာ
မည်သူမှန်းသိလိုက်ချေပြီ......။
ကြည့်ရတာ ဆုံးဖြတ်နိုင်ခဲ့ပြီထင်သည်......။"ဟမ်!! ရှင်...ရှင်ဘယ်သူလဲ..??"
ကုကုခမျာ ကြောက်အားလနိ့အားဖြင့်
မေးသော်လည်း လူစိမ်းကတော့
တုပ်တုပ်မျှမလှုပ်ပဲ ကုကုအနားသို့သာ
တလှမ်းချင်းလျှောက်လာနေခဲ့သည်....။"ရှင်...ရှင်ဘယ်သူလဲလို့ မေးနေတယ်လေ..
မကြားဘူးလား..?ကျမအော်လိုက်ရမလား!!"ကုကုတကိုယ်လုံးချွေးစီးတွေ စီးကျနေပြီ၊
လူစိမ်းကတော့ ဘာမှမဖုစ်သလိုပင်
ကုကုရှေ့ထိုင်ချလိုက်သည်....ပုံမှန်သာဆို ကုကုထိုလူစိမ်းကို တခုခုပြန်ခုခံမှာပင်....ဓားရေး ၊ လှံရေးမတတ်ပေမယ့်
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်
ကိုယ်ခံပညာတတ်သင့်သလောက်တော့တတ်ထားသည်....မြှားပစ်သည်လည်းကျွမ်းကျင်ပေမယ့် ယခုအချိန်ကမြှားကို အသုံးပြုလို့ရတော့သည့် အခြေအနေမှမဟုတာ!!
ကိုယ်ခံပညာထုတ်သုံးရအောင်လည်း
ခြေမှာသံကြိုးချိတ်ခံထားရသည့်အပြင်
တနေ့လူံးငိုကြွေးနေခဲ့ရတာကြောင့်
လူခမျာဖတ်ဖတ်မောကာပင် လူစိမ်းကိုအော်ဖို့တောင်အားမရှိတော့....၊
ČTEŠ
ဧကရာဇ်သက်လျာ