အပိုင်း ၈

205 23 0
                                    


Unicode

နေ့စဥ်မပျက် အကြောင်းအရာတစ်ခုတည်းကိုပဲ အထပ်ထပ်လုပ်တော့အလေ့အကျင့်ဖြစ်လာသည်။ ထိုအလေ့အကျင့်ကိုပဲ အမြဲမှန်မှန် လုပ်သွားပြန်တော့ အလေ့အထဖြစ်သွားသည်တဲ့။ ညနေစာကို ခွန်းတို့ညီအစ်ကိုဆီ လာစားနေကျဖြစ်သော မင်းမြတ် ရောက်မလာခဲ့သည်က ဒီနေ့ဆိုလျှင် ၂ပတ်ပြည့်ခဲ့ပြီ။ မလာသည့်တိုင်အောင် အစ်ကို့ကိုမျှော်ရင်းနှင့် မလာလောက်တော့သည့် နောက်ဆုံးတကာ့နောက်ဆုံးမှသာ အလုပ်သို့သွားဖြစ်လေသည်။ ရောက်မလာသော်လည်း လည်ပင်းတစ်ရှည်ရှည်နှင့် မျှော်နေမိတာလည်း အကျင့်ဖြစ်နေတာထင်ရဲ့။

'တစ်ခါတစ်လေလောက် မလာဖြစ်ခဲ့ရင်တောင် ဖုန်းဆက်ပြီး မလာဖြစ်ကြောင်း ပြောပြတတ်တဲ့အစ်ကို၊ ညတိုင်းနီးပါး တစ်ယောက်မဟုတ်တစ်ယောက် အကြောင်းမရှိအကြောင်းရှာ ဖုန်းဆက်ပြီး စကားတွေပြောဖြစ်ခဲ့ကြတာ၊ ခုတော့ ခွန်းရဲ့ဖုန်းလေးထဲမှာ အစ်ကို့ရဲ့ ဖုန်းအဝင်ကော(လ်)လေးပျောက်နေခဲ့တာ ၂ပတ်ရှိနေပြီ အစ်ကို၊ ဘာတွေဖြစ်နေတာလဲ အစ်ကိုရယ်၊ ခွန်း ဖုန်းဆက်တော့လည်းမကိုင်၊ ဆိုင်ကိုလည်းရောက်မလာ၊ အကိုဘာတွေလုပ်နေတာလဲ။'

"ကိုကို့! ကိုကြီးမင်းမြတ်မလာတာကြာနေပြီနော်၊ ကိုကြီးနဲ့ကိုကို တစ်ခုခုများဖြစ်ထားသေးလား"

ခွန်းထမင်းစားရင်း အတွေးလွန်နေစဥ် ထက်သာက စကားစလာ၏။

"မဖြစ်ပါဘူး ညီလေးရာ...၊ သူလည်းမအားဘူးနေမှာပေါ့"

"ဟုတ်လား...၊ဟင်း! သားက ကိုကြီးမင်းမြတ်မလာတာကြာလို့မျှော်နေတာ၊ ကိုကိုနဲ့ တစ်ခုခုဖြစ်ထားတယ်ထင်လို့၊ နေများမကောင်းလို့လားမသိဘူးနော်"

ခွန်းထမင်းစားခြင်းကို မြန်မြန်လက်စသတ်ရင်း...

"ကဲ...ထက်သာ သူလည်းသူ့အလုပ်နဲ့သူ ရှိမှာပေါ့ကွာ၊ အဲ့တာထားလိုက်တော့ ကိုကိုဆိုင်သွားတော့မယ်၊ တံခါးတွေသေချာပိတ်၊စာလည်း ညဥ့်နက်ထိကြည့်မနေနဲ့၊ စောစောအိပ် ကိုကိုပြန်လာတဲ့ထိ ဟိုအကြောင်းပြ၊ဒီအကြောင်းပြနဲ့ မမြင်ချင်ဘူး"

တက္ကသိုလ်ဝင်စာမေးပွဲကြီးက နီးကပ်လာပြီဖြစ်သောကြောင့် ထက်သာက စာကိုသည်းကြီးမည်းကြီးလုပ်လေသည်။ တစ်ခါတစ်လေ အိပ်မပျော်လို့ကတစ်ကြောင်း၊ အရေးကြီးသည့်စာမို့က တစ်မျိုး၊ မျက်စိကြောင်နေလို့ပါ ဆို၍ကတစ်နည်း အကြောင်းအမျိုးမျိုးပြကာ ကိုယ်ပြန်လာသည့် နာရီပြန်တစ်ချက်နှစ်ချက်ထိ စာလုပ်ပြီးနေ'နေတတ်သည်။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now