အပိုင်း ၁၀

175 23 3
                                    

(Unicode)

လွန်ခဲ့သော ၁၀နှစ်ကျော်က။
:
:
:
:
မနက်ခင်းနေရောင်ခြည်တို့မှာ ပြတင်းတံခါးများကတစ်ဆင့် အခန်းတွင်းသို့အပြည့်အဝနေရာယူနေလေသည်။ နံနက်ခင်းလေအဝှေ့မှာ ခန်းစီးစဖြူဖြူတို့မှာလည်းတလွင့်လွင့်ရယ်။ မိုးဦးအစမှာပင် ညဦးယံကတဖွဲဖွဲရွာသွန်းထားတဲ့ မိုးကြောင့် မြေနံ့သင်းသင်းလေးကလည်း တစ်ချက်တစ်ချက် နှာသီးဝမှာကလူကျီစယ်နေသယောင်။

'"ဒေါက်...ဒေါက်.....ဒေါက်'"

"'ဒေါက်...ဒေါက်..ဒေါက်.....ဒေါက်'"

"အကိုလေး.....အကိုလေး...သူဌေးကနှိုးခိုင်းလိုက်လို့ပါ....ဒီနေ့ ကျောင်းစတက်ရမှာမလို့ နောက်မကျအောင်သူဌေးက ထတော့တဲ့၊ ကြားလား အကိုလေး.." "'ဒေါက်...ဒေါက်..~~"'

အသံဆာဆာနှင့် ခုနှစ်သံချီနေသော လုံးလုံးအသံကြောင့် ဧကရာဇ်နိုးလာရသည်။ ဒယ်ဒီနှိုးခိုင်းတာကသက်သက်သာသာ၊ သူ့အသံကြောင့် နိုးလာရတဲ့လူမှာတော့ အထိပ်ထိပ်အပျာပျာနှင့်၊ နှလုံးရောဂါများရှိရင် ဘိုင်းကနဲလဲသေလောက်သည်။

"နိုးပါပြီဟာ...ဘယ်လိုဖြစ်လို့ ဒီလောက်အော်နေရတာတုန်း၊ နားစည်တွေလဲကွဲတော့မယ်"

စိတ်ရှုပ်ရှုပ်နှင့်ထိုးဖွထားသော ဆံပင်များမှာပွယောင်းယောင်းဖြစ်နေကာ မျက်နှာတစ်ခုလုံးလည်းသုန်သုန်မှုန်မှုန်နှင့် တံခါးဖွင့်လိုက်ရင်း လုံးလုံးကိုငေါက်တော့...

"ဟီး....အကိုလေးကလည်း လုံးလုံးကနှိုးတုန်းကနှိုးပြီး မနိုးမှာစိုးလို့....ဗော်ကယ်လ်ကို မြှင့်ပြောလိုက်တာ..."

စပ်ဖြီးဖြီးမျက်နှာနှင့် ဗိုလ်လိုတွေစွတ်မှုတ်နေတဲ့ လုံးလုံးအား ဘုကြည့်ကြည့်ပြီး တံခါးပြန်ပိတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်နားသွားလိုက်တော့ မိုးနံ့ပါတဲ့ လေနုအေးတို့က မျက်နှာထက်ကိုဖြတ်ပြေးသွားလေသည်။ ညကကျောင်းတက်ဖို့စိတ်စောပြီး ညဥ့်နက်သည်ထိအိပ်မပျော်ခဲ့၊ အိပ်ပျော်သွားတော့ ပြတင်းတံခါးတွေပိတ်ဖို့မေ့နေခဲ့တာပင်၊ရာဇ်ဆိုတဲ့ ကျနော်မှာအနည်းငယ်တော့ ပေါ့ပျက်ပျက်ဆန်သည်။ လေးနက်မိရင်လည်း ငရဲကြီးရှစ်ထပ်ရဲ့အောက် ၃ဘုံလောက်ထိ နက်နဲပစ်တတ်တာမျိုး။ 

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now