အပိုင်း ၂၇

169 9 6
                                    

(Unicode)

အင်ယားရေပြင်ကို ဖြတ်တိုက်လာသော လေညင်းနုနုက ချစ်သူနှစ်ဦးရဲ့ဆံနွယ်တို့ကို ပွတ်တိုက်ကျီစယ်ကြသည်။ တိတ်ဆိတ်တဲ့ ဝန်းကျင်တစ်ခုလုံးမှာ ပိုးကောင်ငယ်တို့၏ အော်သံသည်သာ ကြီးစိုးနေလေသည်။

ညသန်းခေါင်ချိန်ကို နီးကပ်နေပြီဖြစ်တာကြောင့် လမ်းမကြီးထက်မှာ ညပိုင်းအငှားယာဥ်အချို့သာလျှင် ရံဖန်ရံခါဖြတ်မောင်းသွားကြသည်။

"အစ်ကို"

"ဗျာ့..."

မင်းမြတ်ရင်ခွင်ထက်မှာ ခိုနားရင်း ခွန်းကအသံပြုလေသည်။

"၁၂နာရီတောင်ထိုးတော့မယ်...ပြန်ကြရအောင်လေ အစ်ကို"

ခွန်းရဲ့ သတိပေးမှုကြောင့် မင်းမြတ်နာရီကိုတစ်ချက်ကြည့်လိုက်သည်။ ချစ်ရသူအနားရှိရတဲ့ အချိန်က ပုံမှန်အချိန်ထက် ပိုမြန်မြန်ပင်အကုန်မြန်လေသလား ထင်ရမလောက်ပင်။

"ခွန်းက ပြန်ချင်ပြီလား"

ခွန်းက မင်းမြတ်ပုခုံးထက်တွင် ခေါင်းမှီနေရာမှဖယ်ခွာလိုက်ပြီး မင်းမြတ်ကိုသေချာကြည့်လိုက်သည်။ ထို့နောက် နှစ်လိုဖွယ်အပြုံးတစ်ခုဖြင့် မင်းမြတ်ကိုပြုံးပြလေ၏။

"ကျွန်တော်အစ်ကို့ကို အရမ်းလွမ်းနေတာ..."

"ဒါဆို မပြန်တော့ဘူးလေကွာ၊ ကိုယ့်ကိုမနှင်နဲ့"

ခွန်းရဲ့ကိုယ်လေးကို ရင်ခွင်ထဲပြန်ဆွဲသွင်းရင်းဆိုတော့ ခွန်းကရယ်သည်။

"အစ်ကို့မေမေမျှော်နေလိမ့်မယ်၊ ပြီးတော့ ထက်သာလည်းကျွန်တော့်ကိုစောင့်နေမှာ"

"ဟင်း...အင်းပါ ပြန်တာပေါ့၊ ဒါမယ့် ခဏလေးတော့ထပ်နေမယ်"

"ဟဟ....ဟုတ်ပါပြီ အစ်ကို့သဘော အစ်ကိုသဘော"

ကလေးဆိုးကြီးလို ချွဲနွဲ့ကာဆိုတဲ့အစ်ကို့ကြောင့် ခွန်းရယ်မိသည်။ ဆေးရုံကဆင်းမှ သူ့ကိုပိုချွဲလာသလိုပင်။ လွမ်းရရက်များနှင့်ပေါင်းကာ အတိုးချနေပုံ။ ပြောသာပြောတာပါ။

သူလည်း အစ်ကို့ကို အရမ်းလွမ်းနေခဲ့တာပဲမလား။

"ခွန်း...လာမယ့် ဆန်းဒေးကဘာရက်လဲမှတ်မိလား"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Où les histoires vivent. Découvrez maintenant