အပိုင်း ၂၂ { ၂ }

142 19 2
                                    

(Unicode)

"ကျွန်..ကျွန်တော့်ကိုလက်ထပ်မယ်"

"အံ့သြသွားတယ်တော့..လာမ​ပြောနဲ့နော်ခွန်း၊..ကိုယ် ခွန်းကိုစချစ်ကတည်းက ကိုယ့်တစ်ဘဝလုံးစာရည်ရွယ်ပြီးမှ ကိုယ်ချစ်ခဲ့တာ..၊ ခွန်းကို ပိုင်ဆိုင်ရဖို့ ကိုယ်ကြိုးစားမှာ၊ ဒါက ကိုယ့်ရဲ့အစတည်းက ရှိနေတဲ့ဆုံးဖြတ်ချက်ပဲ..."

"မမျှော်လင့်ခဲ့တာ~~"

"ဟင်..!!"

မင်းမြတ်စကားအဆုံးမှာ ခေါင်းလေးကိုငုံ့ရင်း ခွန်းနှုတ်ကထွက်လာတဲ့စကား..။

"ကျွန်တော် မမျှော်လင့်ထားခဲ့ဘူးအစ်ကို၊ အစ်ကိုကျွန်တော့်ကိုတကယ်ချစ်တာ..ကျွန်တော်ခံစားမိပါတယ်၊ ဒါပေမယ့် ကျွန်တော့်လိုလူတစ်ယောက်အတွက် အစ်ကို့ကိုပိုင်ဆိုင်ရဖို့ဆိုတာက တန်ဖိုးကြီးအိပ်မက်ကြီးပါ၊ ကျွန်တော်မမျှော်လင့်ရဲဘူး အစ်ကိုရာ၊ ကျွန်တော့်လိုနုံချာတဲ့လူမျိုးကြောင့် အစ်ကို့ကိုကြည့်လာမယ့်အကြည့်တွေ၊ အစ်ကို့ကိုထိုးလာမယ့် လက်ညိုးတွေအတွက် ကျွန်~ကျွန်တော် သတ္တိမရှိဘူးအစ်ကို"

တစ်ချက်မော့ကြည့်လာတဲ့ ခွန်းရဲ့မျက်ဝန်းများမှာငွေ့ရည်လေးများက သဲ့သဲ့။ မဝံ့မရဲဖြစ်နေရှာတဲ့ ချစ်ရသူရဲ့စိတ်ကို မင်မြတ်နားလည်ပါသည်။ သူ့ကိုယ်သူထက် ကျွန်တော့်အတွက်စိုးရိမ်နေခြင်းကို သိသော်လည်းခွန်းကို ဒီလိုမဖြစ်စေချင်။

ကိုယ်မလိုချင်ပဲရခဲ့တဲ့ ဘဝအခြေအနေတစ်ခုကို အမည်းစက်ကြီးတစ်ခု၊အားနည်းချက်ကြီးတစ်ခုလို သတ်မှတ်ပြီး သိမ်ငယ်မနေစေချင်။ အသက်ငယ်ငယ်မှာ လမ်းညွှန်ထိန်းကွပ်ပေးမယ့် မိဘနှစ်ပါးအပြင်ဆွေမျိုးသားချင်းလည်းမရှိတဲ့ ကောင်လေးတစ်ယောက်ကငွေနောက်လိုက်ပြီး မှားမိတဲ့အကြောင်းကိစ္စတစ်ခုဟာ ခွင့်မလွှတ်နိုင်စရာကိစ္စပေလား။ မိမိရဲ့အချစ်ရိပ်မြုံအောက် ခိုဝင်ပါပြီဆိုကတည်းက ချစ်ရသူမှာဘယ်လောက်ထိ ကိုယ့်အပေါ်သိတတ်ပြီး သစ္စာစောင့်ခဲ့သလဲဆိုတာ ကိုယ်သာအသိဆုံး။

ကိုယ့်ချစ်သူဆိုတဲ့သတ်မှတ်ချက်နဲ့ အတိတ်ကိုအရိပ်မည်းကြီးသဖွယ် သိမ်ငယ်နေတာမျိုးမဖြစ်အောင် ခွန်းကို မင်းမြတ်ကြိုးစားဆက်ဆံခဲ့သည်။ ကိုယ့်ကိုမြင်တိုင်းမချင့်မရဲ ဖြစ်နေမှာမျိုး မင်းမြတ်မလိုချင်ပေ။ အချိန်တွေကြာလာလေ... ဒီကောင်လေးရဲ့စိတ်ထားလေးတွေကို ပိုသိလာလေသူ့ရဲ့ဘဝလေးကို ကိုယ့်အချစ်တွေနဲ့လုံခြုံနွေးထွေးမှုပေးချင်လာသည်။ အတိတ်ဆိုးတွေကို ဖယ်ရှားပေးချင်သည်။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Donde viven las historias. Descúbrelo ahora