အပိုင်း ၂၂ { ၁ }

129 16 0
                                    

(Unicode)

ခွန်းကမနက်ဖြန်ဆိုရင် အိမ်ပြန်တော့မှာဖြစ်သည်။ ဒီတစ်ညပဲ ခွန်းနဲ့သူအတူနေခွင့်ရတော့မည်မို့ မင်းမြတ် ခွန်းကိုဆိုင်ကသွားကြိုဖို့လောနေမိသည်။ သူနဲ့ရှိခွင့်ရမယ့်အချိန်လေးတွေကို ခုမှပိုပြီးလောဘတက်နေမိတာဖြစ်သည်။ ဒါ့ကြောင့် ရုံးစောစောဆင်းဖို့ပြင်ဆင်ထားသော်လည်း နိုင်ငံခြားကုမ္ပဏီခွဲကပေးပို့လာသည့် အရေးတကြီးmailများကို အပြီးစစ်ပေးရတာကြောင့် အနည်းငယ်နောက်ကျသွားရသည်။

ကိုယ်အလုပ်ပြီးလို့ ဆိုင်ရှေ့ကိုရောက်တော့ ကားပါကင်အနီးမှာ ခွန်းနဲ့အတူရာဇ်ကိုပါတွေ့လိုက်ရသည်။ ကားကို ဆိုင်ရှေ့နားလောက်မှာပဲရပ်ထားခဲ့ပြီး ခွန်းတို့ရှိရာကိုဆင်းသွားလိုက်သည်။ ကြားလိုက်မိသလောက်မှာတော့ ရာဇ်ကခွန်းကိုတစ်ခုခုတောင်းဆိုနေပြီး ခွန်းလေးကတော့ ငြင်းနေရှာသည်။ကိုယ်လည်းအိမ်ပြန်ဖို့မကြာချင်တော့တာကြောင့် မဆိုင်းမတွကြားဝင်ပြောလိုက်ရတော့သည်။

"မင်းခွင့်တောင်းတိုင်း....ငါခွင့်ပြုရမှာလား!!!"

"အော....ရောက်လာပြီပဲ၊ ငါကလည်းမင်းဆီ သိပ်ကိုသံတော်ဦးတင်ချင်းလွန်းနေတာ မဟုတ်ဘူး၊ နေနေက ငြင်းနေလို့ ငါမင်းကိုပြောပေးမယ်ပြောတာ"

"ကာယကံရှင်ကတောင် ငြင်းနေတာ ငါနဲ့မဆိုင်တော့ဘူးထင်တယ် ရာဇ်၊ ပြီးတော့ ငါကကိုယ့်ချစ်သူရဲ့သစ္စာနဲ့သိက္ခာကို ယုံတယ်၊ ဒါ့ကြောင့်လည်း ငါသူ့ကိုချုပ်ချယ်ထားတာမရှိဘူး၊ သူအခုငြင်းတယ်ဆိုတာ သူ့စိတ်သူ့သဘောနဲ့ ငြင်းတာ"

"ဟေ့ကောင် တော်တော့၊ အပိုစကားတွေလာမပြောနဲ့၊ ငါမင်းနဲ့ မပြောချင်ဘူး။ နေနေ..!! လုပ်ပါကွာ...ဒါလေးတော့လက်ခံပေးပါ"

ရာဇ်က မင်းမြတ်ကိုမလိုသလိုပုံစံနဲ့ပြောပြီး ခွန်းဘက်ကိုမြှားဦးလှည့်လာပြန်သည်။ ခွန်းအစ်ကို့ကိုကြည့်လိုက်တော့ အစ်ကိုက သူ့မူအတိုင်းအပြုံးနုနုလေးပြုံးရင်း ခွန်းကိုကြည့်နေသည်။ ခွန်းစိတ်ကြိုက်ဆုံးဖြတ်ပါဆိုသည့် သဘော။

"ကောင်းပြီလေ....ကိုဧကရာဇ်ရဲ့နေ့လည်စာကို ကျွန်တော်လက်ခံတယ်..၊ ဒါပေမယ့် အစ်ကို့ကိုပါခေါ်ရမယ်၊ နေ့လည်စာမဟုတ်ပဲ ညစာပဲစားကြရအောင်၊ သုံးယောက်လုံးအဆင်ပြေအောင်လို့"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now