အပိုင်း ၂

420 41 3
                                    

(Unicode)

'"....ကကင်...ကလင်"'

လွန်ခဲ့တဲ့ မိနစ်ပိုင်းထိငြိမ်သက်နေတဲ့ အခန်းလေးထဲ နာရီ​နှိုးစက်ဆီကအချက်ပေးသံတစ်ခုကြောင့် ညံစီသွားရသည်။ မင်းမြတ်တစ်ယောက် မျက်လုံးလေးမှေးစင်းရင်းက အိပ်ယာဘေးစားပွဲပေါ်ရှိ နှိုးစက်လေးဆီ လက်လှမ်းပြီးပိတ်လိုက်သည်။ နေ့သစ်တစ်ခုကိုစတင်ဖို့ အားအင်အပြည့်ဖြစ်နေသလိုလို။ လိုက်ကာကို လက်၂ဖက်နဲ့ဆွဲဖွင့်လိုက်တော့ အခန်းထဲသို့ဝင်လာတဲ့ နေရောင်နွေးနွေးလေးကြောင့် ခပ်မှိုင်းမှိုင်းဖြစ်နေတဲ့စိတ်ကလေးမှာ ပကတိကြည်စင်သွား၏။ ဒီနေ့ ခွန်းတို့ဆီသွားဖို့ ညကတည်းကတွေးထားမိသည်၊ ပြီးခဲ့တဲ့ရက်တွေက သတင်းမေးသွားဖို့ စဥ်းစားထားပေမယ့် အရေးကြီးprojectတစ်ခုအတွက်နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနဲ့တွေ့ဆုံခဲ့ရပြီး ရှယ်ယာရှင်များနဲ့ ကုမ္ပဏီတွင်းအရေးကြီးmeetingများကြောင့် မသွားဖြစ်။ ဒီနေ့တော့ ရုံးမသွားခင် ခွန်းတို့ဆီ အရင်ဝင်တွေ့မည်။

မင်းမြတ်လည်း ရေစပ်ပြီး အတော်အတန်ကြာအောင် ဇိမ်ဆွဲချိုးလိုက်သည်။ ရေချိုးပြီး ရုံးသွားဖို့အတွက် Shirtအဖြူတစ်ထည်နဲ့ ဂျင်းအပြာရောင်တစ်ထည်ကို ထုတ်လိုက်ပြီး Shirtကို ကြယ်သီး၂လုံးဖြုတ်၊တံတောင်နားထိလက်ခေါက်ပြီး ဘောင်းဘီထဲထည့်ဝတ်လိုက်သည်။ ပြီးမှ ခါးပတ်ပတ်လိုက်ရင်း မှန်ဆီအကြည့်ပို့မိသည်။ ဒီလိုဝတ်ရတာက မင်းမြတ်အတွက် တကယ်လွတ်လပ်ပြီး အလုပ်လုပ်ရတာလည်းပေါ့ပါးသည်ဟု ခံစားရသည်။ အရေးကြီးmeetingများနဲ့ ပွဲအခမ်းအနားများကလွဲလို့ suiteအပြည့်မဝတ်တတ်တာ မင်းမြတ်အကျင့်။ ဒီအကျင့်ကြောင့် မာမီနဲ့ခဏတိုင်းတ​ကြိတ်ကြိတ်၊ ဒယ်ဒီက ကိစ္စတော်တော်များများမှာ မင်းမြတ်စိတ်တိုင်းကျ လွတ်လပ်ပေးထားသည်။ မာမီကတော့ မိန်းကလေးများထုံးစံအတိုင်း ဟိုဟာလေးကဘယ်လို ဒါလေးကဘယ့်နှယ်နဲ့ အမြဲအရိပ်တစ်ကြည့်ကြည့်လိုက်ပြောတတ်သည်၊ မင်းမြတ်ကို အလွန်ထိပ်ဆုံးရောက်စေချင်သည်၊ စံဖြစ်နေစေချင်သည့် မာမီ့စိတ်ကို မင်းမြတ်နားလည်ပါသည်။ ဒါကလည်း မာမီ့တွင်သာရှိသည့်စိတ်မဟုတ်၊ မိခင်တိုင်းတွင်ရှိသောစိတ်မှန်း မင်းမြတ်နားလည်၏။ အဝတ်အစားလဲပြီး မင်းမြတ်အောက်ဆင်းခဲ့သည်။ အောက်ရောက်တော့ အဘွားက မနက်စာစားနေပြီ။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Hikayelerin yaşadığı yer. Şimdi keşfedin