အပိုင်း ၁

666 54 6
                                    

(Unicode)

🎵 ခံစား..မှုတွေကို ခဏ ဘေးဖယ်ထားတယ်

🎶 စဥ်းစားတွေးတော နေတာတွေဟာ နွားခြေရာခွက်ငယ်.....

ယဲ့ယဲ့လေးနဲ့အက်ရှရှထွက်လာတဲ့ သံစဥ်တစ်ခုက အသံလာရာဆီမျှော်ငေးမိသွားဖို့ထိတတ်နိုင်ပါသည်လေ။ ဘုရားရေ ဒါက မိန်းကလေးလား ယောကျာ်းလေးတစ်ယောက်လား။မဟုတ်ဘူး တိတိကျကျဆိုရင် ဒါက မိန်းကလေးတစ်ဦးထက်မပိုတောင် မလျော့သောအလှရှိတဲ့ ယောကျာ်းပျိုတစ်ဦးသာ၊ ဖန်လုံးလေးလို ဝိုင်းစက်ကြည်လင်တဲ့မျက်ဝန်းလေးက မီးရောင်ကြောင့်လား ကိုယ်ပဲစိတ်ထင်လို့လား အရည်လေးခပ်လဲ့လဲ့။ ကိုယ်ပေါ်ဖြာကျနေတဲ့ Slightမီးရဲ့အကူနဲ့ ကြည်လင်ဝင်းမွတ်တဲ့အသားအရေ၊ မထူမပါးမျက်ခုံးတန်းတန်းလေး၊ မိုက်နဲ့ကွယ်လို့သေချာမမြင် ရသည့်တိုင်​အောင် အနည်းငယ်ပေါ်ပေါ်လာတဲ့နှုတ်ခမ်းလေးက ခပ်ရဲရဲနှင်းဆီဖူးလေးလို။

"မင်းမြတ်၊ ဟျောင့်...မင်းမြတ်"

ကျနော်ဘယ်လောက်သတိလက်လွတ် ငေးမိခဲ့ပါလိမ့်၊ ဖြိုးသူခေါ်လွန်းမှ သတိဝင်သည့်အဖြစ်

"ဟမ်...အင်း ဘာပြောလိုက်တာလဲ"

"မင်းလုပ်ငန်းက အခြေအနေဘယ်လိုလဲလို့မေးနေတာလေ၊ နေပါဦး မင်းက ငါ့စကားကိုမကြားရအောင်အထိ ခွန်းနေရောင်ကိုငေးနေတာပေါ့"

ခွန်းနေရောင်တဲ့လား။

"သူ့နာမည်က ခွန်းနေရောင်လား"

"အင်း ဟုတ်တယ်"

ခဏနေသည်ထိ မင်းမြတ်မျက်လုံးများက stageပေါ်တွင်သာရှိနေလေတော့..

"သူက ဒီဆိုင်ရဲ့ အကျော်အမော်လေးပေါ့၊ မင်းမြင်နေရတဲ့ ဒီဆိုင်ထဲကလူရဲ့ ထက်ဝက်လောက်က သူ့ဆီလာတာလို့ပြောရင် မင်းယုံမလား"

ကျနော်မယုံစရာမရှိပါ၊ ကျနော်လိုလူတောင် ခဏတာအသိလွတ်သည်ထိငေးမောမိတဲ့ ဒီကောင်လေးဆီကို ဒီလူတွေလာတာက လုံးဝသံသယဖြစ်စရာမရှိ။

"အင်းပေါ့..သူအသံလေးက မဆိုးဘူးကွ"

မြန်မာပြည်နဲ့အလှမ်းဝေးနေခဲ့သည့်အလျောက် ဘယ်ဟာက ဘာသီချင်းမှန်း မသိစေဦးတော့ ထွက်ပေါ်လာတဲ့အသံသာသာအပေါ်မှာတော့ မှတ်ချက်ကောင်းကောင်းပေးနိုင်ပါသည်လေ။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Waar verhalen tot leven komen. Ontdek het nu