အပိုင်း ၁၄

156 20 0
                                    


(Unicode)

"ရာဇ်...ပြောစရာရှိတာပြောကွာ၊ အဲ့လိုကြီးလုပ်မနေနဲ့...ဘာစကားပဲဖြစ်ဖြစ် ငါတို့ကြားမှာ မပြောနိုင်စရာမရှိဘူးလေကွာ...ပြော...မင်းဘာပြောမလို့လဲ"

မင်းမြတ်စကားဆုံးတော့ ကွပ်ပျစ်စွန်းကိုကိုင်ထားသောရာဇ်လက်မှာ တင်းကနဲဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ ထို့နောက် မျက်လုံးကိုမှိတ် အံကိုကြိတ်ပြီးနှာမှုတ်ထုတ်လိုက်ပုံက တစ်ခုခုလုပ်ဖို့ကိုအားယူနေပုံ။ ရုတ်တရက် ရာဇ်လုပ်လိုက်သောအပြုအမူကြောင့် မင်းမြတ်ကြောင်အသွားရသည်။ ငေးကြည့်နေမိသော ကိုယ့်မျက်လုံးကိုပင် ကိုယ်မယုံနိုင်သည့် အလုပ်ကို ရာဇ်ကလုပ်လိုက်သည်မလား...

'ဘယ်လိုကိစ္စကြောင့်များ မင်းကငါ့ရှေ့ ဒူးထောက်ရတာလဲ ရာဇ်ရာ'

"ရာဇ်.... ထစမ်းကွာ...။....ဘာလုပ်တာလဲလို့ရာဇ်ရဲ့!!...ဘာလုပ်တာလဲ ဟမ်! "

ရာဇ်အပြုအမူကြောင့် မင်းမြတ်ကြောင်ငေးနေရာမှ သတိကပ်ပြီး ရာဇ်ကိုခပ်ဆောင့်ဆောင့်လေး အော်ကာဆွဲထူလိုက်သည်။

"ရာဇ်...ငါ မေးနေတယ်လေ"

"မင်းမြတ်...ငါ...ငါ သူ့ကိုအရမ်းချစ်မိနေပြီထင်တယ်ကွာ"

မင်းမြတ်စိတ်ထဲ မြတ်စွာဘုရားဟုသာ အကြိမ်ကြိမ်တလိုက်မိပါသည်။ သူ့ဟာသူချစ်တဲ့ကိစ္စ ကိုယ့်ကိုဘာကိစ္စဒီလို လာလုပ်ရပါသနည်း။ သမီးရှင်လည်းမဟုတ်၊ယောက်ဖလည်းမဟုတ်။ ဒီလိုလုပ်ရတဲ့အကြောင်းက ဘာကြောင့်လဲဆိုတာ မင်းမြတ်သိချင်လာသည်။

"ရာဇ်...မင်းချစ်တယ်ဆိုတာ...မိုဝ့်ခမ်းလား"

မင်းမြတ်အမေးကို ခေါင်းလေးတစ်ဆတ်ဆတ်ညိမ့်ရင်း ဖြေလာသည်။

"အင်း ငါရိပ်မိပြီးသားပါ...၊ မင်းတခြားမိန်းကလေးတစ်ယောက်အကြောင်းပြောဖူးတာ၊ စိတ်ဝင်စားတယ်လို့ပြောဖူးတာ မိုဝ့်ခမ်းနဲ့မှလေ၊ ပြီးတော့အမြဲဂရုတစိုက်ရှိနေခဲ့တာ အဲ့တာတွေကိုစပ်ဆက်ပြီး ငါသဘောပေါက်ပါတယ်...၊ ဒါမယ့် မင်းခုလိုလုပ်လိုက်တာ ဘာ့ကြောင့်ဆိုတာကို သေချာရှင်းပြ...ငါအရမ်းသိချင်တယ်၊ မင်းလုပ်တာ ပုံစံမကျဘူး"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Donde viven las historias. Descúbrelo ahora