အပိုင်း ၁၂

160 24 0
                                    


(Unicode)

မုန့်စားဆင်းချိန်။
အချက်ပေးခေါင်းလောင်းသံကြားသည်နှင့် လွန်ခဲ့သောမိနစ်ပိုင်းက စာသင်သံ၊စာဖတ်သံ၊စာအံသံများနဲ့သာစိုးမိုးနေခဲ့သော ကျောင်းဝင်းကြီးသည် ခဏချင်းအတွင်း ပုရွက်ဆိတ်အုံကိုတုတ်နဲ့ ထိုးလိုက်သလို ရှုပ်ထွေးသွားလေသည်။ ကျောင်းဝင်းထဲက ရှုပ်ယှက်ခတ်နေသောလူများနည်းတူ တစ်ကိုယ်တော် စိတ်ရှုပ်နေသူတစ်ဦးလည်း ရှိနေပြန်ပါသေးသည်။

"ရာဇ်....ဘာဖြစ်နေတာလဲ၊ အပြင်မထွက်ဘူးလား"

ရာဇ်ပုံစံမှာ မနက်ကျောင်းတက်ချိန်ကတည်းက တစ်စုံတစ်ရာကိုမကျေမနပ်ဖြစ်နေပုံရကာ၊ စကားလည်းသေချာမပြော။ ကြည့်ရတာ ယခုအတန်းနားချိန်ထိလည်း အဆင်ပြေသေးပုံမပေါ်....။ သိလိုက်ပါပြီ။ ရာဇ်ကို ဒီလို နေမထိထိုင်မသာဖြစ်စေမယ့်သူဆိုလို့ ဟို မထုံတတ်တေးလေး မိုဝ့်ခမ်းသာဖြစ်လိမ့်မည်။

"ဟေ့ကောင် ရာဇ်...ဘာဖြစ်နေတာလဲ၊ မိုဝ့်ခမ်းကြောင့်လား"

"သူ...ဘယ်ကို ထွက်သွားတာမြင်လိုက်လဲ"

ကိုယ့်အမေးကိုပြန်မဖြေပဲ ​ကိုယ့်ကိုမေးခွန်းထုတ်လာသော သကောင့်သားလေး။

"ဟမ်!...ဘာကို??၊ ဪ....မိုဝ့်ခမ်းလား အင်း..ထွက်သွားတာ တွေ့လိုက်တယ်လေ...၊ မုန့်စျေးတန်းဘက်ထင်တယ်"

ကိုယ့်စကားဆုံးသည်နှင့် ပြောမရဆိုမရ၊ကမူးရှူးထိုးတစ်ယောက်ကတော့ အတန်းထဲမှ ဝုန်းဒိုင်းကျဲထွက်သွားတော့သည်။

'အင်း....မိုဝ့်ခမ်းရေ...လာနေပြီဟေ့၊ ဘုရားသာတတော့'

~~တစ်ဖက်တွင်~~

"ရ~~ရာဇ်...၊ လက်..လက်နာတယ်..လွှတ်ပါ"

မုန့်စျေးတန်းတွင်မုန့်ဝယ်နေစဥ် ရုတ်တရက် လက်ကိုလာဆွဲပြီး အတင်းဆွဲခေါ်လာသောရာဇ်ကြောင့် မိုဝ့်ခမ်းလန့်နေမိသည်။ ခုဆို ကျောင်းတက်လာတာလည်း နှစ်ဝက်နားထိရောက်လာပြီမို့ ရာဇ်တို့အုပ်စုနဲ့မိုဝ့်ခမ်းဆိုတာ အတော်လေးရင်းနှီးနေခဲ့ပြီ။ သူတို့သုံးယောက်ထဲမှာ မင်းမြတ်နဲ့ဖြိုးသူကို မိုဝ့်ခမ်းပိုခင်မိသည်။ အဓိကက မင်းမြတ်နှင့်လို့ပြောရင်ပိုမှန်မည်။ အခန်းအတူတူချင်းလည်းဖြစ်ပြီး မင်းမြတ်က မိုဝ့်ခမ်းကိုဆိုအစစအရာရာအကူအညီပေးသည်။ အကူအညီဆိုတာကတော့ ရာဇ်ကလည်းပေးပါသည်။ တစ်ခုပဲ၊ ရာဇ်က တစ်ခါတစ်ခါသူမတူအောင်နူးညံ့တတ်သလို တစ်ခါတစ်ခါကျတော့လည်း တစ်ခြားတစ်ယောက်လို ကြမ်းတမ်းတတ်ပြန်သည်။ ခုလိုမျိုးပေါ့။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now