အပိုင်း ၄

292 34 0
                                    

(Unicode)

ခရီးတစ်လျှောက်လုံး စိတ်မဖြောင့်နိုင်ဖြစ်နေခဲ့တဲ့ကိုယ့်မှာ တမှိုင်မှိုင်တထွေထွေ တွေတွေငေးငေးနဲ့ စိတ်အစဥ်က ခွန်းတစ်ယောက်ဆီ၊ ကတိမတည်တဲ့သူလို့ မိမိအား သတ်မှတ်သွားမည်လားဆိုသည့်အတွေးတို့သာ အုပ်စိုးခဲ့လေသည်။ ထို့ကြောင့်ပြန်ရောက်သည်နှင့် ခွန်းဆီ အပြေးသွားလိုပါသော်လည်း ကုမ္ပဏီကိုမရောက်သည့်ရက် ကြာပြီဖြစ်သောကြောင့် ရုံးချိန်အတွင်းလေးကို ကုမ္ပဏီဆီပြေးခဲ့ရပြန်သည်။ ကိုယ်ရုံးဆင်းလို့အချိန်ကြည့်တော့ ခွန်းအလုပ်သွားမည့်အချိန်နီးပြီမို့ အလုပ်ဆီသာလိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ တော်သေးသည်က အလုပ်ဆီမရောက်ခင်တွေ့သည်မို့။

အလုပ်မရောက်သေးသည့်အားလျော်စွာ ညစာလိုက်ကျွေးရင်း ခွန်းကိုတောင်းပန်ဖို့အကြံကလည်း ဖြတ်ခနဲ။ တယ်တော်ပါလား မင်းမြတ်ရယ်။ ခွန်းလိုက်မည်လား၊ မလိုက်မည်လား မသိပေမယ့် အရဲစွန့်ကာ ခွင့်ယူလိုက်ဖို့ ပြောမိ၏။ ကံတရားကသည်ပဲ မျက်နှာသာပေးသည်လား၊ ခွန်းကပဲ အားနာတတ်တာလားမသိ။ ကိုယ့်ကားလေးပေါ်တော့ သူပါလာခဲ့သည်လေ။ ကားပေါ်တောက်လျှောက်နှင့် ဆိုင်ရောက်လို့ စားစရာများမှာပြီးသည်အထိ သူရော ကိုယ်ပါတစ်ခွန်းတစ်ပါဒမှမဟဖြစ်ခဲ့ကြ။ နောက်တော့ ကိုယ်ကပဲတောင်းပန်ဖို့အစချီရသည်။

စိတ်မဆိုးပါဘူးပြောနေသော်လည်း စိတ်ခုနေမည်စိုးပြီး အကြိမ်ကြိမ်အထပ်ထပ်တောင်းပန်ရင်း ဖြစ်ကြောင်းကုန်စင်ပြောပြနေသည့်ကိုယ့်ကြောင့် ခမျာလေးမှာ ရှက်နေလိုက်တာဆိုတာ မျက်နှာနုနုလေးတစ်ခုလုံး ခရမ်ချဥ်သီးရဲရဲလေးလို။ ဤသို့ထိတောင်းပန်စရာ၊ ရှင်းပြစရာမလိုသည့်ဆက်ဆံရေးတွင် လိုသည်မလိုသည်မတွေးလိုပဲ ပြောပြရှင်းပြချင်နေသည့် ကိုယ့်ကို့ကိုယ်လဲ အတော်လေး အံ့သြနေရသည်။ အစပ်ကြိုက်ပုံရတဲ့ကောင်လေးက စပ်ပေ့ဆိုတဲ့ဟင်းသာရွေးခပ်စားနေတော့ ဗိုက်အောင့်မည်စိုးလို့ ဟန့်ရသည်ကလည်းအကြိမ်ကြိမ်။

အစပ်စားလို့ နဂိုခပ်ရဲရဲ နှုတ်ခမ်းဖူးလေးက တဖြည်းဖြည်းနဲ့ ပွင့်ခါနီး ရဲစိုနေတဲ့နှင်းဆီဖူးလေးနှယ်။ သမာဓိအားတွေလည်းဘယ်ဆီ​ပျောက်ပြီး ဒီနှုတ်ခမ်းဖူးဖူးလေးကို သတိလက်လွတ်ငေးနေမိတာ ဘယ်နှခါပါလိမ့်။ ငါတော့ မင်းနဲ့မှ ကိုယ့်ကိုကိုယ်လည်းနားမလည်တော့ဘူး ခွန်းရယ်၊ ဘာတွေဖြစ်လို့ ဘယ်လိုတွေ ခံစားနေရမှန်း ကိုယ်တကယ်မသိတော့ဘူး ခွန်း......။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Donde viven las historias. Descúbrelo ahora