အပိုင်း ၂၁

166 16 0
                                    

(Unicode)

ခွန်းကိုဆိုင်ကနေပြန်ကြိုလာပြီး...နှစ်ယောက်အတူတူညစာစားဖြစ်ကြသည်။ ဆိုင်မသွားခင်က ရေချိုးမသွားပဲ ခုပြန်လာမှသာချိုးတော့သည်။ ကျွန်တော့်ခွန်းလေးက တစ်ခါတစ်လေ အပျင်းတစ်စရာမရှိ ကြံဖန်တစ်တတ်သူလေးဖြစ်၏။ ဒီနေ့ မျက်နှာလေးအနည်းငယ်နွမ်းနေတာကို သတိထားမိပေမယ့် အထူးတလည်မေးမြန်းမနေတော့ပါ၊ ခွန်းထုတ်မပြောချင်မယ့် ကိစ္စမျိုးကိုသူ့ဘက်ကလည်း အတင်းမမေးလို။

"'တီ..တီ...တီ"'

အိမ်ရှေ့ဝရံတာမှာ လေညှင်းခံရင်းရပ်နေစဥ်ဝင်လာသော ဖုန်းကောလ်။ ဘယ်သူဘယ်ဝါကြည့်လိုက်တော့ မာမီ့ဆီမှ...

"ဟက်လို...မာမီ၊ morning! အစောကြီးနိုးတာလား"

"ဟုတ်တယ်၊ မာမီ့သားလေးကို အရမ်းသတိရနေလို့ မာမီဖြင့်ကောင်းကောင်းတောင်အိပ်မပျော်ဘူး"

"ဟား..ဟား မာမီကတော့ဗျာ၊ ဒယ်ဒီရော...ကုမ္ပဏီသွားပြီလား"

"သွားပြီသားရဲ့၊ သားဆီဖုန်းမဆက်ခင်ရှေ့လေးပဲ။ သာလေး..! မာမီတို့ဆီ လာခဲ့ပါဦးလားသားရယ်၊ မာမီ လွမ်းနေပြီ"

အမြဲတမ်းလိုလိုလည်း မာမီနဲ့ဖုန်းအဆက်အသွယ်ရှိနေပေမယ့် မာမီက ထိုသို့တော့တစ်ခါမှမပြောဖူး။ သို့သော် ဒယ်ဒီမရှိပဲအိမ်မှာပင်တစ်ယောက်တည်းကျန်နေခဲ့ရတဲ့ မာမီက ဘယ်လောက်ထိအထီးကျန်ရှာမလဲကို သူနားလည်ပါသည်။

"သားလည်း လာချင်ပါတယ်မာမီရာ၊ ဒါပေမယ့် ဒီက ကုမ္ပဏီက ခုမှစပြီး အရှိန်လေးရရုံရှိသေးတာလေ...သားလုပ်စရာတွေတစ်ပုံကြီးရှိသေးလို့ မလာနိုင်သေးတာပါ၊ သားကို နားလည်ပေးပါမာမီ...နော်"

အလိမ္မာနည်းနဲ့ချော့နေသောသားရဲ့စကားများက ဒေါ်ဟေမာခင့်အတွက်တော့ ရင်ကိုခွင်းနေတဲ့မြှားများအလား။

"အဟင်း! ဟုတ်ပါပြီရှင် မအားဘူးဆိုတော့လည်း မအားဘူးပေါ့၊ ဒါနဲ့ တကယ်ရော..အလုပ်မအားတာလားသား၊ ဒါ မှ မဟုတ်~.."

"အာ...မဟုတ်ပါဘူးမာမီရာ...၊ တကယ်မအားတာပါ"

"အဟင်းဟင်း...ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဖြည်းဖြည်းငြင်းပါ ရှင်။ ကဲ..သား မာမီသွားစရာလေးရှိသေးလို့ ဖုန်းချတော့မယ်နော်"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now