အပိုင်း ၂၄

248 13 2
                                    

(Unicode)

ဒီနေ့ မင်းမြတ် ရုံးမှာအစည်းအဝေးရှိတာကြောင့် ခွန်းကိုတောင် ဆိုင်လိုက်ပို့မပေးနိုင်။ လကုန်တော့မှာမို့ HRဘက်နဲ့ညှိရပြောရဆိုတော့ အချိန်ကပိုလင့်သည်။ မင်းမြတ်အိမ်ပြန်ရောက်တော့ ည၈နာရီတောင်ရှိပြီဖြစ်သည်။ ဒီနေ့တော့ ကြီးတုံလက်ရာနဲ့သာနှစ်ပါးသွားရသည်ပေါ့။

ပုံမှန်ကတော့ ညစာကို ခွန်းတို့နဲ့ပဲစားဖြစ်သည်။ ညနေလေးနာရီ၊ လေးနာရီခွဲလောက်ဆိုရုံးဆင်းပြီး အိမ်မှာတစ်အောင့်နေပြီးတာနဲ့ ခွန်းအိမ်သွား၊ ညစာစားပြီး ခွန်းကိုဆိုင်လိုက်ပို့ဖြစ်သည်။

အသွားမှာလိုက်မပို့နိုင်တာကြောင့် အပြန်ကိုတော့ စောစောလေးသွားကြိုဖို့တွေးလိုက်သည်။ ဒီနေ့တစ်နေကုန် ချစ်ရသူမျက်နှာကိုမတွေ့ရသေးတော့ မင်းမြတ်ရင်ထဲအတော်နွမ်းနေပြီဖြစ်သည်။

မပြန်ခင်အချိန်ခဏမှာ ခွန်းအသံကြည်ကြည်လေးနဲ့သာယာနာပျော်ဖွယ် ဂီတသံစဥ်တွေကိုခံစားရင်း တစ်နေ့တာအမောတွေကို မင်းမြတ်ဖြေလျော့ရမည်လေ။

အိမ်မှာခဏအချိန်ဖြုန်းပြီးတာနဲ့ ညကိုးနာရီနဲ့ဆယ့်ငါးမိနစ်စွန်းစွန်းအချိန်လောက်မှာ မင်းမြတ်ထွက်လာခဲ့သည်။

ဆိုင်ဆီသွားတဲ့လမ်းတစ်နေရာအရောက် အဝေးမှာကတည်းကမြင်နေရတဲ့ ကားနဲ့ ကားဘေးကလူတစ်စုကြောင့် စက်ရှိိန်ခပ်နှေးနှေးဖြင့်ကားမီးပိတ်ပြီး အကဲခတ်မိသည်။ ကားကိုတစ်ရင်းတစ်နှီးရှိနေတာကြောင့် လူအုပ်ရှိရာ ထပ်ပြီးချဥ်းကပ်မိတော့ ထင်တဲ့အတိုင်း ရာဇ်ဖြစ်နေသည်။

အများကြားထဲမှာ ရာဇ်ပဲရှိတာမို့ သူ့အတွင်းရေးမှူးလည်း ပါလာဟန်မတူ။ ပုံစံကြည့်ရတာတော့ ငွေညှစ်နေပုံပါပေ။ သွားလိုက်သင့်မသွားလိုက်သင့် ချင့်ချိန်နေချိန်မှာပင် လူတစ်ယောက်ကရာဇ်ရဲ့ ကော်လံစကိုစုကိုင်ပြီး ထိုးဖို့ရွယ်လိုက်တာမို့ မင်းမြတ်လည်းချက်ချင်းကားမီးကုန်ထိုးပြီး ဟွန်းသံပေး၍ရာဇ်တို့ရှိရာမှာ ကားကိုထိုးရပ်လိုက်သည်။

"ဘယ်ကကောင်လဲ..ကွ ဟမ်"

မင်းမြတ်ကြောင့် စိတ်ရှုပ်သွားပုံရတဲ့ ရာဇ်ကိုထိုးဖို့ပြင်နေ​သည့်တစ်ယောက်က ထအော်တော့သည်။မင်းမြတ်လည်း ကားပေါ်ကခပ်မြန်မြန်ဆင်းပြီး ထိုလူတွေနားသွားကာ...

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Où les histoires vivent. Découvrez maintenant