အပိုင်း ၃

339 38 0
                                    


(Unicode)

'"ကျွီ"'

စင်ဝင်အောက်ကားထိုးရပ်မိသည်နှင့် ကြီးတုံကချက်ချင်းထွက်ပြီး ခရီးဦးကြိုသည်။အချိန်ကား ည၈နာရီခွဲလုခင်။

"သားမင်းမြတ် ပြန်လာပြီလား..ဒီနေ့နောက်ကျပါ့ရောကွဲ့ ..ထမင်းစားတော့မလား ၊ကြီးတုံ ပြင်လိုက်ရမလားသား..."

"မစားသေးဘူး ကြီးတုံ၊ ဖွားရော၊...ထမင်း​ရော စားပြီးပြီလား "

မင်းမြတ်တစ်ယောက် အိမ်ထဲဝင်ရင်း ဧည်ခန်းထဲတစ်ချက် ကြည့်ပြီး မေးလိုက်ခြင်း။

"သားအဘွားက ထမင်းစားပြီး အပေါ်တက်သွားပြီ သားရဲ့၊ သားရောက်ရင် အခန်းထဲလွှတ်လိုက်ဖို့လည်း မှားထားတယ်"

"ဟုတ် ကြီးတုံ၊ ဒါဆို သားသွားလိုက်ဦးမယ်"

"အေး..အေး သား၊ ထမင်းစားမယ်ဆို ကြီးတုံကိုပြောနော်"

မင်းမြတ်ခေါင်းတစ်ချက်ညိမ့်ပြပြီး အပေါ်တက်ဖို့ခြေလှမ်းလိုက်သည်။ တစ်နေကုန်ပင်ပန်းခဲ့သော်ငြား ခွန်းရဲ့ 'အစ်ကို' ဆိုသောအသံလေးကြောင့် ပင်ပန်းစိတ်တို့လျော့ပါးနေသည်။ ထို့ပြင် မနက်ဖြန် ခွန်းကိုခေါ်ပြီးလျှောက်လည်မည်ဆိုသည့် အတွေးကလည်း မင်းမြတ်ကိုအလိုလိုပြုံးနေစေသည်လေ။

'"ဒေါက်...ဒေါက် ဒေါက်'"

"ဘွား...သားပါ ဝင်ခဲ့မယ်နော်"

အခန်းတံခါးခေါက်ပြီး အသံပေးပြီးနောက် အဘွားရှိရာအခန်းထဲခြေချလိုက်သည်။

"အေး...မြေး လာလေ"

ဒေါ်မြင့်မိုရ်ဦးကုတင်ကိုကျောမှီထားရင်းမှ လက်ထဲကတရားစာအုပ်ကိုအသာပိတ်ပြီး တံခါးဝဆီ လှမ်းကြည့်လိုက်သည်။ မင်းမြတ်လည်း တံခါးကိုအသာပြန်ပိတ်ပြီး အဘွားနားသွားကာကုတင်ပေါ် တင်ပလွဲထိုင်းရင်း...

"ဖွား...သားကို ခေါ်တယ်ဆို"

"ဟုတ်တယ် မြေး၊ ဖွား မြေးကို ပြောစရာရှိလို့"

"ဟုတ် ဖွား"

အဘွားဆီက စကားကိုနားစိုက်လိုက်တော့...

"မနက်ဖြန် ဖွားနဲ့မြေး ပြင်ဦးလွင်တက်ရမယ်၊ ဟိုမှာရှိတဲ့ ဖွားတို့ ဘိုးဘွားပိုင် ခြံတွေရယ်၊ ကော်ဖီခြံ၊ လိမ္မော်ခြံတွေရယ်ကို မြေးအမည်ပေါက်နဲ့ လွှဲပေးဖို့ရှိတယ် မြေး၊ အဲ့တာ ဖွားသွားလက်စနဲ့တစ်ခါတည်း လုပ်ချင်လို့"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Donde viven las historias. Descúbrelo ahora