အပိုင်း ၉

202 22 0
                                    


(Unicode)

လွန်ခဲ့သောရက်များမှာတော့...

ဖြိုးသူနှင့်သောက်ပြီးသည့် နေ့ကစ၍ မင်းမြတ်ဆုံးဖြတ်ခဲ့သည်။ ခွန်းနှင့် ဒီ့ထက်ပိုပြီးမပတ်သတ်ဖို့၊ ရာဇ်၏တစ်ဇွတ်ထိုးဆန်မှု၊ အစွဲအလမ်းကြီးမှုတို့ကို အတွင်းကျကျသိသော သူ့အတွက် ဤဆုံးဖြတ်ချက်က မှန်ကန်ပါသည်။ သူနှင့်ရာဇ်ကြားက ကိစ္စများကြောင့် သူ့ဘဝလေးနဲ့သူအေးချမ်းနေတဲ့ ခွန်းကို မထိခိုက်စေလို။ ထို့ကြောင့် ကိုယ့်စိတ်ကို၊ ကိုယ့်ဘာသာကိုယ်သာအကောင်းဆုံးထိန်းချုပ်ထားခဲ့လိုက်သည်။

အစောပိုင်းရက်တွေကညဘက်တွေမှာ ဝင်ဝင်လာတတ်တဲ့ ခွန်းရဲ့ဖုန်းလေးကို မသိကျိုးကျွံပြုထားရတာ လွယ်သည့်ကိစ္စတော့မဟုတ်။ ဖုန်းကိုင်လိုက်ဖို့ လက်ထဲထိရောက်ပြီးမှ ဖုန်းစက်ပိတ်ပစ်လိုက်ရသည့်အခါများက အကြိမ်ကြိမ်။ ညဘက်အလုပ်ကပြန်လာတိုင်း မခမ်းနားသော်လည်း ကိုယ့်အတွက်ပြီးပြည့်စုံလွန်းသော ထမင်းဝိုင်းလေးကိုလွမ်းသည့်စိတ်နှင့် ညစာမစားနိုင်ဘဲ အိပ်ပစ်လိုက်သည့်ညများမှာလည်း ဘယ်၍ဘယ်မျှ။ အလိုလိုနေရင်း မျက်နှာလေးကို မြင်ချင်စိတ်က ထိန်းမရနိုင်တော့ သူသီချင်းဆိုတဲ့ဆိုင်လေးဆီသွားပြီး အဝေးကပဲချောင်းကြည့်နေခဲ့ရတဲ့အဖြစ်။

ဒီကာလတစ်ခုမှာ မင်းမြတ်တစ်စုံတစ်ရာကိုကောင်းကောင်းကြီး နားလည်လိုက်ပါသည်။ မချစ်ဖူးလို့ အချစ်ရူးပါလို့ဆိုမှ...ချစ်မိတဲ့သူကပါ ကိုယ်နဲ့မျိုးတူ အတောင်နှစ်ဆယ်ဝတ်ယောင်္ကျားတဲ့လား။ တစ်ကြိမ်တစ်ခါမှ မခံစားဖူးတဲ့ခံစားချက်တို့က ခွန်းနဲ့တွေ့မှ သိခွင့်၊ကြုံခွင့်၊ခံစားခွင့် ရခဲ့သည်။ ယောင်္ကျားချင်းကြိုက်ရင် gayတဲ့၊ ဟင့်အင်း...။ သူgayမဟုတ်ဘူး။ သို့သော် သူ့ရင်ကိုလှုပ်ခပ်စေသူကတော့ ပုရိသတစ်ဦးပင်။ မျိုးတူတစ်ဦးမြင်တိုင်း ရင်ခုန်နေတာမဟုတ်တာ​သေချာသည်၊ ခွန်းကိုပဲ...ခွန်းတစ်ယောက်တည်းကိုပဲ ရင်ခုန်သော၊ ....... သော လူတစ်ယောက်။ ဒါကပဲ gayတာပေါ့ဆိုရင်တော့လည်း ဟုတ်တယ်၊ မင်းမြတ်ထည်ဝါဆိုတဲ့ ကျနော်က gay။

မတွေ့ရတဲ့အချိန်ကြာလေ သတိရလွမ်းဆွတ်မှုက လူကိုထက် နှလုံးသားကို ပိုမောစေသည်။ သူ့အပေါ်ထားတဲ့ခံစားချက်များ ပိုသေချာလာလေ၊အပြေးတွေ့ပြီး ရင်ခွင်ထဲ ဆွဲထည့်ထားချင်တဲ့ စိတ်တွေပိုတိုးလေဖြစ်သည်။ ဒါပေမယ့် တစ်ဖက်မှရာဇ်၏ပြဿနာကလည်းမသေး။ ထိုင်နေတုန်းကအကောင်း ထသွားမှအကျိုးမှန်းသိဆိုသလို ကိုယ်ဖွင့်ပြောလိုက်လို့ ကိုယ်နဲ့ခွန်းကြားက ဆက်ဆံရေးများ ပိုနက်နဲလေ ရာဇ်အတွက်အခွင့်အရေးသာလေဖြစ်သွားပေမည်။ ဒီအချက်ကို စိုးရွံ့၍ ခံစားချက်များကို အတင်းကာရောထိန်းချုပ်ထားခဲ့ရသည်။ သို့သော် ယိုဖိတ်စီးကျနေသော အလွမ်းစိတ်များက တာကျိုးသလိုထိန်းမနိုင်တော့သည်ကြောင့် ဒီနေ့တော့ ခွန်းကိုတွေ့ရန်ကြိုးစားကြည့်လိုက်သည်။ ဆိုင်လာချိန်အမှီ ဆိုင်အနီးနားတစ်နေရာမှာကားရပ်ပြီး ချစ်ရသူလေးကို စောင့်ကြည့်နေခဲ့သည်။ သူသီချင်းဆိုတော့လည်း ဆိုင်အကွယ်လေးကနေ၍ ချစ်ရသူရဲ့ အသံချိုချိုကိုနားစည်မှသည် နှလုံးသားဆီအထိမှတ်တမ်းတင်ထားမိခဲ့သည်။ အရဲစွန့်၍ သွားတွေ့ဖို့ကြံသော်လည်း စိုးရိမ်စိတ်တို့က ဆွဲထားသဖြင့် မျက်နှာလေးသာကြည့်ပြီး ပြန်ရန်ဆုံးဖြတ်ခဲ့သည်။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now