အပိုင်း ၁၁

156 22 0
                                    

(Unicode)

ကျောင်းစဖွင့်တဲ့နေ့။
မိုဝ့်ခမ်းအတွက်တော့ အရာရာဟာအသစ်သစ်ဖြစ်နေတဲ့နေ့။ အမြဲတမ်းလာလည်ကြည့်ချင်ခဲ့တဲ့ ရန်ကုန်ဆိုတဲ့မြို့ကို တကယ့်တကယ်ရောက်လာပြန်တော့ ရင်ခုန်စိတ်လှုပ်ရှားစွာ။ ကျောင်းမတက်ခင်တစ်လအလိုလောက်ကတည်းက ရန်ကုန်သို့ရောက်လာတဲ့ မိုဝ့်ခမ်းမှာ ရန်ကုန်၏အထင်ကရဆိုတဲ့ နေရာမှန်သမျှကို ပါးရယ်မားရယ်နဲ့ကျေးဇူးကြောင့် အကုန်ရောက်ဖူးခဲ့ပြီ။ အလည်သဘောသာဆိုရင်တော့ တော်တော်ပျော်ဖို့ကောင်းတဲ့ ခရီးဖြစ်နိုင်ပေမယ့် ခုကတော့။

ရှမ်းဗမာကပြားဖြစ်သော မားကငယ်စဥ်အခါက တောင်ကြီးမှာကြီးပြင်းခဲ့သော်လည်း အပျိုရွယ်တည်းက ဘိုးဘိုးတို့ရှိတဲ့မန္တလေးမှာနေထိုင်ခဲ့တာ ပါးနဲ့အိမ်ထောင်ကျလို့ မိုဝ့်ခမ်းတစ်သက်ပင်၊ ဒီအကျိုးဆက်ရယ်ကြောင့်လားတော့မသိ မိုဝ့်ခမ်းက ထင်သလောက်စကားမဝဲ။ မိုဝ့်ခမ်းကတော့ကိုယ့်ကိုကိုယ် ဗမာမလေးတွေလိုပုံမှန်လို့ပဲထင်ပေမယ့် မိုဝ့်ခမ်းနဲ့စကားပြောဖူး၊တွေ့ဖူးတဲ့သူတွေကတော့ တိုင်းရင်းသူလေးလား ဆိုပြီးချက်ချင်းမေးတတ်သည်။ သူတို့ပြောစကားအရကတော့ မိုဝ့်ခမ်းစကားပြောရင်အဆုံးသတ်လေးတွေမှာ ဝေ့ဝေ့ဝဲဝဲလေးဖြစ်လို့တဲ့လေ။

ပါးက မိုဝ့်ခမ်းငယ်ငယ်တည်းက အိမ်မှာအမြဲမရှိ၊မိုဝ့်ခမ်းကမားနဲ့ပဲအချိန်ကုန်ရသည်။ ပါးမှာက လုပ်ငန်းတွေကအများသားကိုး...ဟိုတယ်လုပ်ငန်းကတော့ ပါးရဲ့အဓိကပင်မလုပ်ငန်းပင်၊ တခြားစပ်တူလုပ်ငန်းတွေရယ် အသစ်တိုးချဲ့လုပ်ကိုင်တဲ့ decorationလုပ်ငန်းနဲ့ပါဆိုတော့ ပါးကမားနဲ့မိုဝ့်ခမ်းအတွက် အချိန်လုံးဝမပေးနိုင်ခဲ့။ မားကတော့ ပါးအစားပါတိုးပြီးချစ်ပေးသည်လေ၊ ဘိုးဘိုးတို့လက်ထက်တည်းကရှိခဲ့တဲ့ ရွှေဆိုင်နဲ့ပိုးထည်ဆိုင်တွေကို မားရယ် မားရဲ့ညီမတီလေးရယ်နဲ့အတူဦးစီးပြီး တစ်ဖက်ကလည်းမိုဝ့်ခမ်းကို လိုလေသေးမရှိစောင့်ရှောက်ပေးသည်။

ခုတော့ ပါးက အရင်လိုနေရာစုံအလုပ်ရှိသမျှကူးသန်းသွားလာမနေတော့ပဲ ရန်ကုန်မှာသာအခြေတကျနေဖို့စီစဥ်ခဲ့သည်။ မားရဲ့​ရွှေဆိုင်တွေပိုးထည်ဆိုင်တွေကိုလည်း တီလေးနဲ့သာ လွှဲထားခဲ့ပြီး ပါးရယ်၊မားရယ်၊မိုဝ့်ခမ်းရယ် သုံးယောက်အတူတူ ရန်ကုန်ကိုပြောင်းလာခြင်းဖြစ်သည်။ အရင်Decorationလုပ်ငန်းစတင်လုပ်ကိုင်ချိန်တည်းကပင် ပါးက ရန်ကုန်တွင်ခြံဝယ်၍ကိုယ်ပိုင်အိမ်တစ်လုံး ဆောက်ထားပြီးဖြစ်တာကြောင့် အဆင်သင့်တက်နေရုံ။ ပါးက မိုဝ့်ခမ်း ၁၀တန်းထိရောက်လာခဲ့ပြီဖြစ်ပေမယ့် မိုဝ့်ခမ်းနဲ့မားအနားမနေပေးနိုင်ခဲ့တာကြောင့် ခုလို အရွယ်တစ်ခုလည်းရောက်နေပြီဖြစ်တာရယ် မိသားစုကိုအချိန်ပေးနိုင်ရန်အတွက်ပါစဥ်းစား၍ ပါးရဲ့လုပ်ငန်းတွေအတွင်ကျယ်ဆုံးဖြစ်သည့် ရန်ကုန်မှာနေဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။ ဒါ့အပြင် မိုဝ့်ခမ်းပညာရေးကိုလည်း ပိုပြီးထူးချွန်စေရန်ဖြစ်သည်။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Donde viven las historias. Descúbrelo ahora