အပိုင်း ၁၇

178 21 0
                                    

(Unicode)

ပုလင်းရောင်စုံများပြန့်ကြဲလျှက်ရှိသော စားပွဲဝိုင်းတွင် စားပွဲ၏တစ်ဖက်တစ်ချက်မှာထိုင်နေသော လူခြောက်ယောက်၊ ဖူးယောင်ဒဏ်ရာများနဲ့ထိုလူတို့ရဲ့မျက်နှာတို့မှာ မကျေနပ်မှုကြောင့်တင်းမာနေလျှက်ရှိ၏။

"တောက်!! စပွန်ဆာအားကိုးနဲ့ သပ်သပ်လူပါးဝတဲ့ကောင်...လူကြည့်တော့ သနားကမားနဲ့၊ ဟိုငနဲကလဲ ဘယ်လောက်တောင်စားထားလဲမသိဘူး၊ သူ့ဟာလေးထိတာနဲ့ အုပ်စုလိုက်ကိုတောင် ဝင်လုံးရဲတယ်"

"ဟုတ်ပကွာ....ပျော်ရမလားလို့ လာသောက်ပါတယ် ဆိုင်ဝတင်ရန်ပွဲနဲ့တည့်တည့်ဆုံရတယ်"

ထိုသူတို့မှာ တောက်လောင်လာတဲ့ဒေါသတို့ကို ငြိမ်းစေရန်ရှေ့မှာရှိတဲ့ဖန်ခွက်ထဲက ဝီစကီတို့ကိုဝမ်းအတွင်းသို့ အတင်းလောင်းချပစ်နေသည်။

"ထားလိုက်ပါတော့ကွာ...မင်းတို့ကလဲ၊ ဘဲကြီးရောက်လာတာတောင် ငါတို့ကဇွတ်သွားပြောတော့ ဟိုကမည်းသည်းထိုးတာပေါ့၊ ဒါတောင် ငါတို့ကအများမလို့ ဒီလောက်ပဲနာတာ...one by oneဆို ခုချိန်ဆေးရုံမှာပဲ"

အုပ်စုထဲကလူတစ်ယောက်၏ စကားကြောင့်ကျန်လူများက သက်ပြင်းချရင်းစိတ်လျှော့ချလိုက်ဟန်ဖြင့်...

"အင်း ကဲ ကဲ...သောက်ကြကွာ....အဲ့တာတွေနားလိုက်တော့"

စကားလမ်းကြောင်းလွှဲခြင်းဖြင့် ထိုလူတို့၏စား,ပွဲမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားကြသည်။ ထိုသို့ဖြင့် နာရီအနည်းငယ်ကြာတော့...

"ဟျောင့်တွေ ပြန်ကြရအောင်...၁၂တောင်ခွဲတော့မယ်"

"အေး...ဟုတ်တယ် ပြန်မယ် အေ့~ ဟေးဟေး...ဒီမှာ ဒီဝိုင်းရှင်းမယ် ဒီဝိုင်း~~~အေ့"
.
.
.
.
.
.
စားသောက်ဆိုင်ထဲမှ ခပ်ယိုင်ယိုင်ထွက်လာကြသောလူခြောက်ယောက်မှာ ကားလမ်းဘေးတွင်ရပ်ရင်း ကားငှားဖို့ဆိုင်းပြင်းနေကြသည်။

'" တီ!!!! "'

ထိုလူများရှိရာသို့မီးထိုးပြီး ဟွန်းသံရှည်တီးကာထိုလူတို့နဲ့မလှမ်းမကမ်းမှာ ထိုးရပ်လာသောနောက်ဆုံးပေါ်အနက်ရောင်ပြိုင်ကားကြောင့် ထိုလူခြောက်ယောက်လုံးထခုန်မိမတတ် လန့်ဖြတ်သွားရသည်။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now