အပိုင်း ၁၃

156 21 0
                                    

(Unicode)

ခြံဝန်းအတွင်း နံနက်ခင်းနေရောင်ခြည်ရဲ့နွေးထွေးသော ရောင်စဥ်များဖြာကျလျက်ရှိပြီး အလှပန်းအိုးများတွင် လှပစွာဖူးပွင့်နေကြသော နှင်းဆီတို့၏ ရနံ့များကလည်း သင်းထုံလျှက်ရှိကြသည်။ တိုက်ရှေ့တွင်တည်ရှိသော မြက်ခင်းတုမှ မြက်ပင်များကလည်း စိမ်းစိမ်းစိုစိုစို၊ အေးချမ်းသော ပတ်ဝန်းကျင်နှင့်လိုက်ဖက်စွာ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆီခွက်ဥပမာပြ တရားတော်ဟာလည်း mp3စက်လေးဆီမှတစ်ဆင့်လွင့်ပျံ့နေလေသည်။

"မမကြီး..."

နဂိုရှိရင်းစွဲအသံထက်နှိမ့်ကာ ခေါ်လာသောဒေါ်တုံ၏ အသံကြောင့် အိမ်ရှေ့တွင် ကျွန်းကုလားထိုင်တစ်လုံးချကာထိုင်ရင်း တရားနာနေသော ဒေါ်မြင့်မိုရ်ဦးမျက်လုံးဖွင့်ကြည့်လိုက်သည်။

"မမလေးဟေမာတို့ဆီက ဖုန်းလာနေပါတယ် မမကြီး"

သားကြီးတို့ဆီက ဖုန်းလာသည်ဆိုသောကြောင့် ဖွင့်လက်စတရားတော်အား တောင်းပန်စကားဆိုရင်းပိတ်လိုက်သည်။ အချိန်ကွာဟချက်အရ ဒီနေ့လိုတနင်္ဂနွေနေ့မနက်ပိုင်းဆိုရင် သားနဲ့ချွေးမတော်တို့ဆီက ဖုန်းလာနေကျဖြစ်သည်။

"ဟက်လို..."

"ဟက်လို..မာမီ"

"သမီးတို့ အိမ်မှာပေါ့"

"ဟုတ်တယ်...မာမီ၊ သမီးကတော့အိမ်မှာ၊ မာမီ့သားကတော့ သူ့ရဲ့လုပ်ငန်းပါတနာတွေနဲ့dinnerသွားကြတယ်၊ သမီးကတော့ မာမီ့ဆီဖုန်းဆက်ချင်လို့ တမင်လိုက်မသွားလိုက်ဘူး၊ ပြီးခဲ့တဲ့တစ်ပတ်ကလည်း Wedding တစ်ခုနဲ့တိုက်လို့ ဖုန်းမဆက်ရဘူးမလား"

" ရပါတယ် သမီးရယ်၊ အမြဲတမ်းဆက်ရမယ်မဟုတ်ပါဘူးကွယ်၊ အခန့်မသင့်တာလည်းရှိမှာပေါ့"

"ဟုတ် မာမီ၊ မာမီရောနေကောင်းရဲ့လား၊ ဟိုတစ်လောက ဒူးနာတယ်ဆိုတာရောသက်သာပြီလား မာမီ၊ သမီး ပြန်လာခဲ့ရမလား"

"အမလေး...သမီးရယ်၊ လာစရာမလိုပါဘူး..မာမီသက်သာနေပါပြီ ၊ မာမီ့အသက်လည်းငယ်တော့တာမှမဟုတ်တာပဲ ဒီလောက်'လောက်ဝေဒနာကတော့ ရှိကြတာပါပဲ သမီးရယ်"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now