အပိုင်း ၁၅

148 20 0
                                    

(Unicode)

မွန်းကျပ်လာတဲ့ စိတ်တို့ကြောင့်ဧည့်ခန်းဆီကစကားသံများကိုလည်း ရာဇ်ဆက်ကြားနိုင်စွမ်းမရှိတော့။ ဒေါသမီးတို့ကြောင့် လူကအလိုလိုပူလောင်လာရကာအောက်ဆီဂျင်ပြတ်လပ်လာသလို ခံစားလာရသဖြင့် ဧည့်ခန်းရှေ့ကအမြန်ဖြတ်ပြေးပြီး ခြံဝန်းဆီထွက်လာလိုက်တော့သည်။

မင်းမြတ် စာအုပ်ယူပြီးဆင်းလာချိန် ရာဇ်ကအိမ်ထဲတွင်မရှိ။ ဧည့်ခန်းတွင်းမှာ ဖွားနဲ့မိုဝ့်ခမ်းမေမေဒေါ်နန်းမွန်တို့နှစ်ယောက် စကားပြောနေတာတွေ့ရသည်။ မင်းမြတ်ခြံထဲထွက်လာတော့ နှင်းဆီအိုးတွေနားမှာ အိမ်ဘက်ကိုကျောပေးကာရပ်နေတဲ့ ရာဇ်ကိုတွေ့ရသည်။ မင်းမြတ်လည်း ရာဇ်နားအမြန်သွားလိုက်ပြီး...

"တော်တော်ရှာလိုက်ရတယ်ကွာ၊ ကြာနေပြီဆိုတော့ ဘယ်နားထားမိမှန်းမမှတ်မိဘူးဖြစ်နေလို့၊ ရော့ မင်းစာအုပ်"

မင်းမြတ်လက်ထဲက စာအုပ်ကိုရာဇ်ထံပေးရင်းပုခုံးကို ပုတ်ကာပြောလိုက်သည်။

*ခွပ်* "'အ!!"'

ရုတ်တရက် ရာဇ်ကမင်းမြတ်ကို အားပြင်းပြင်းနဲ့ထိုးချပစ်သည်။ ခုနကထိ ပြုံးရယ်နေသေးတဲ့ရာဇ်ရဲ့မျက်နှာက ချက်ချင်းဆိုသလို ဒေါသကြောင့်နီစွေးနေပြီဖြစ်သည်။

"f**k ပဲ ဟျောင့်၊ မင်း...မင်း!! မင်း ငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာ၊ ငါ့နောက်ကျောကိုဓားနဲ့ထိုးတာ၊ တခြားသူက လုပ်ရင်ငါခံသာတယ် ဟေ့ကောင်၊ ခုက မင်းဖြစ်နေလို့၊ ငါယုံကြည်ခဲ့တဲ့ မင်းဖြစ်နေလို့ ငါပိုနာတာ"

ဖင်ထိုင်ရက်လဲကျနေတဲ့ မင်းမြတ်ကိုလက်ညိုးထိုးကာ ပြောနေတဲ့ရာဇ်အသံတို့က ကြေကွဲစွာ၊နာကျင်စွာ၊မချိတင်ကဲဖြစ်စွာနဲ့ထွက်ပေါ်နေသည်။

"ရာဇ်!!! ဘာလဲ၊ ငါဘာလုပ်လို့လဲ ရာဇ်၊ မင်းပြောနေတာတွေ ငါတစ်ခုမှနားမလည်ဘူး၊ မင်းဘာပြောချင်တာလဲ"

"ငါ သူငယ်နှပ်စားမဟုတ်ဘူး မင်းမြတ်ထည်ဝါ၊ ဖွားဦးနဲ့ အန်တီနန်းမွန်တို့ပြောနေတာတွေ ငါအကုန်ကြားပြီးပြီ၊ မင်းကိုယ်တိုင်တောင် ဒီကိစ္စကိုလက်ခံထားပြီးမှကို ငါဒူးထောက်တောင်းပန်တုန်းက မင်း​​ောက်ရမ်းတွေ ကျေနပ်နေတာပေါ့ ဟမ်?? ပျော်နေခဲ့တာပေါ့၊ မင်းစိတ်ထဲမှာ ငါ့ကိုလှောင်နေခဲ့တာပေါ့ ဟုတ်လား..ဟမ်? ဟား...ဟား ဟားဟား !!! "

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now