အပိုင်း ၅

288 29 3
                                    

(Unicode)

M လုပ်ငန်းစုရဲ့ CEO ရုံးခန်းအတွင်း၊အလုပ်စားပွဲထက် မင်းမြတ်တစ်ယောက် အလုပ်များနေလျှက်ရှိသည်။ လက်ရှိလိုက်နေသော projectက မင်းမြတ်အတွက် အရေးကြီးသည်ဟု ဆိုနိုင်သည်။ မင်းမြတ် ကုမ္ပဏီကို ဦးစီးပြီးနောက် ပထမဆုံးလိုက်ရသည့် project လည်းဖြစ်ပြီး ဒီprojectကို Mလုပ်ငန်းစုမှရရှိမည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးအကျိုးအမြတ်ရရှိမည့်အပြင် shareရှင်များ၏ ယုံကြည်မှုပါ ထပ်တိုး ရရှိမည့်လုပ်ငန်းမျိုးမို့ မင်းမြတ်ကိုယ်တိုင် အာရုံပိုစိုက်နေရသည်။

"'ဒေါက်..ဒေါက်'"

မိမိရုံးခန်းကိုတံခါးလာခေါက်မည့်သူက မင်းမြတ်ရဲ့ရုံးခန်းရှေ့ receptionက မင်းမြတ်ရဲ့အတွင်းရေးမှူးမလေး ယုယကလွဲ၍မရှိ။

"ဝင်ခဲ့ပါ"

မင်းမြတ်အသံပေးလိုက်တော့ တံခါးလေးအသာဟပြီး ယုယဝင်လာ၏။ ခါးလယ်မျှရှိသော ဆံပင်လှိုင်းညိုညိုလေးကို သပ်သပ်ရပ်ရပ်ရှင်းပြီးခပ်မြင့်မြင့်စည်းထားလေသည်။ ဒူးအထက်အနည်းငယ်သာရောက်သည့်စိမ်းပြာရောင်စကပ်လေးရယ်၊ အသားခပ်အိအိ လက်ဖောင်းအင်္ကျီလက်ရှည် သခွားမွှေးရောင်လေးရယ်နဲ့ သူမပုံစံက ကျော့ကျော့ရှင်းရှင်းနဲ့ထက်မြက်ပုံပေါ်လှသည်။

"ဒါ ဆရာပြင်ဆင်ခိုင်းထားတဲ့ စာရင်းအချက်အလက်ဖိုင်တွေပါဆရာ"

သူမလက်ထဲက ဖိုင်တစ်ချို့ကိုစားပွဲပေါ်တင်ပေးပြီး၊

"ဒါကတော့ မနက်ဖြန် project meeting အတွက်ဖိတ်စာပါဆရာ၊ အစည်းအဝေးကို Traders hotelမှာ နေ့လည် ၁၁နာရီခွဲကျင်းပမယ်လို့သိရပါတယ်၊ မိတ်ဆုံဂုဏ်ပြုစားပွဲကိုလည်း အစည်းအဝေးအပြီးမှာ lunchနဲ့တည်ခင်းမှာပါတဲ့ ဆရာ"

မင်းမြတ် ကွန်ပျူတာscreenမှ အကြည့်ဖယ်ပြီး သူမကမ်းပေးလာသော ရေမွှေးဖိတ်စာလေးကိုယူလိုက်သည်။ ဖိတ်စာကို တစ်ချက်ဖတ်ကြည့်ပြီးနောက်...၊

"ဒီထဲမှာ ရေးထားတဲ့ မဟာကုမ္ပဏီက ကိုယ်တို့projectစလိုက်တုန်းက မပါခဲ့ဘူးမလား ယု"

"ဟုတ်တယ်ဆရာ၊ ခုမှ ယုလည်းတွေ့တာ၊ ရှေ့ရှေ့ ကmeeting တွေမှာလည်းဒီနာမည်ကို ယု မကြားခဲ့ရပါဘူး ဆရာ"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Tempat cerita menjadi hidup. Temukan sekarang