Part-1☁️

13.1K 430 13
                                    

Unicode Ver:

လေတွေတစ်ဖြူးဖြူးတိုက်နေတဲ့ ညနေခင်းလေးတစ်ခု။Incheon တံတားဘောင်တန်းလေးကို လက်လေးထောက်ကာ အဝေးသို့ငေးကြည့်နေပါသော ကောင်လေးတစ်ယောက်။ဖြူဖြူ‌သေးသေးမို့ အဝတ်စလေးနှယ်။

ချောမောလှပကာ ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်တွေ ဘာကြောင့် သမ်းနေရသလဲ ဝေခွဲမရ။နာမည်‌ေလးက ကင်မ်ထယ်ယောင်း တဲ့လေ။ဒီကောင်‌ေလးက ညနေခင်းဆို ဒီတံတားကိုရောက်လာတတ်တာ။တစ်ယောက်တည်းစကားတွေလည်းပြောနေတတ်တာ။

Tae-သတိရတယ်၊လွမ်းတယ် Jungkook!

Jungkook တဲ့။သူပြောနေကျ စကားလေးတွေရဲ့အဆုံးတိုင်းမှာ အပိုင်ယူထားတဲ့ နာမည်လေးတစ်ခု။ပြောလိုက်သမျှ စကားတိုင်း ထိုနာမည်‌ေလးကို ရည်ညွှန်းသည်မှာ မလွဲ။

တစ်ယောက်တည်း အတွေးများနေတုန်း သူ့ကိုဖြတ်လျှောက်ကာ ဘေးနားလာရပ်နေသော အထက်တန်းကျောင်းသူ။ငိုထားသည်ထင်သည်၊မျက်ခွံလေးတွေကမို့အစ်လို့။ဖိနပ်လည်းချွတ်ထားသေးသည်။ကြည့်ရတာ သူထင်နေတာတော့ မဟုတ်လောက်ဘူးမလား။စဉ်းစားမိနေတုန်းရှိသေး ထိုတံတားပေါ်က ခုန်ချဖို့ကြိုးစားလိုက်တဲ့ ကောင်မလေးကြောင့် ထယ်ယောင်းတစ်‌ေယာက် သူမရဲ့ အကျီစလေးအား လှမ်းဆွဲကာ အဝေးသို့ တွန်းပစ်လိုက်သည်။

ထိုကောင်မလေးကသူ့ကို‌ေကျးဇူးမတင်။
ခနတော့ ပြူးကြောင်ကြောင်ဖြစ်သွားကာ နောက်မှ သတိပြန်ဝင်ကာ "သရဲ" ဟုကယောင်ကတန်းအော်ကာ အဝေးသို့ပြေးတော့သည်။

ဤသည်ကား ကင်မ်ထယ်ယောင်းရဲ့ဘဝ။သူဘယ်လောက်ပဲ ကောင်းတာလုပ်ပါစေ၊လူတွေကို ကယ်တင်နေပါစေ သူ့ကိုဆို မမြင်ရဘဲနဲ့ သရဲ ဟုအော်ကာ ပြေးသွားနေကြ။လုပ်သမျှကို အသိအမှတ်မပြုဘဲ သူတို့ကို တစ်ခုခုလုပ်မည်ဟုထင်နေသာ လူတွေကြောင့် စိတ်ပျက်ရသည်။

Tae-ငါစောင့်နေမှာနော်။ငါ့ကတိအတိုင်း မင်းကို စောင့်နေမှာ Jungkook!

သူဒီလိုစောင့်နေခဲ့တာ နှစ်အလီလီကြာခဲ့ပြီ။ဘယ်လိုသေသွားခဲ့ရလဲ၊ဘာကြောင့် စောင့်နေခဲ့ရသလဲ ဆိုတာကိုတော့ သူကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မသိနိုင်။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now