Unicode Ver:
ရီဝေဝေ ဖြစ်နေကာ ချာလည်လည်ပြီးမူးလဲတော့မည့်ဆဲဆဲဝယ် သူ့လက်ကို လှမ်းဆွဲလိုက်ပါသော လက်နုနုလေး။
အာရုံထဲတွင်တော့ မှိတ်ထားသည့်မျက်လုံးများကို ဖြေးဖြေးချင်းဖွင့်လိုက်စဉ်။
တွဲလောင်းကျနေတဲ့ နားကပ်ရှည်ရှည်လေး။ငွေမှင်ရောင် ဆံပင်လေးတွေက လွင့်မြောလျက်။ကိုယ်သင်းနံ့မွှေးမွှေူလေးကလည်း လူကိုကြည်နူးစေပြန်သည်။ဒါပေမဲ့ ဘယ်လောက်ပဲ သေချာကြည့်ပါစေ။မျက်နှာကို မမြင်ရ။မျက်နှာနားရောက်တိုင်း မျက်လုံးများက ဝေဝါးလာသည်။
*အဆင်ပြေလား မောင်* တဲ့။အသံလေးကတကယ့်ကိုညင်ညင်သာသာလေးရယ်။လက်ကိုကိုင်ထားတဲ့အထိအတွေ့လေးကအစ တကယ့်ကို နူးညံ့စွာ။သာယာတဲ့ စကားပြောသံလေးအတွင်းနစ်မြောမိနေတုန်း...
"ဟေ့ မောင်လေး အဆင်ပြေလား။အမဆေးခန်းပို့ပေးရမလား။"
ဘယ်လိုတောင် နှောင့်ယှက်မှူကြီးပါလိမ့်။သူများသာနေပါတယ်ဆို ဒီလိုမျိုးတွေက တစ်မျိုး။သူ့ရှေ့က အလှလေးက ပျောက်ခြင်းမလှ ပျောက်သွားပြန်ပြီ။သူ့ကိုမောင်လို့ခေါ်တဲ့သူအား တင်ပါးကို ခပ်ဆတ်ဆတ်လေးရိုက်ပစ်ချင်ပါသော်လည်း ဒီလို မြတ်နိုးရပုံမျိုးနဲ့ဆို သူကိုယ်တိုင်ကပင် ကြွေကျရတော့မည်။
နောက်မှ အတွေးပြန်ဝင်လာသည်က သူခေါင်းမူးပြီး မူးလဲမလိုဖြစ်ခဲ့တာပဲ။ဒီတစ်ခါတော့ မျက်လုံးတွေကို ခပ်ကြမ်းကြမ်း ဖွင့်ပစ်လိုက်သည်။
Jk-အိပ်ရေးပျက်လို့ ခေါင်းနည်းနည်းမူးသွားတာပါ အမ။ရပါတယ်။
Girl-အာ ဟုတ်ကဲ့။ကျမက ကျမသားလေး တစ်ခုခု လုပ်လိုက်တယ်ထင်လို့။လက်ကိုဆွဲတာ ပြုတ်ကျမှာစိုးလို့ပါ။စိတ်မရှိပါနဲ့ ဒါဆို ခွင့်ပြုပါအုံးနော်။
Jk-ကောင်းပါပြီ။
Jk's pov:;
ငါ့လက်ကိုကိုင်ကာ သူလား။ဘာလား ဟိုကောင်လေးဟုတ်ဘူးလား။ကောင်လေးဆိုတာ သေချာပါတယ်။Jjkရေ မင်းတော့ ရူးနေပြီ။
တစ်ဖက်က ထယ်ယောင်းမှာလည်း ...
Tae-မောင့်လက်ကလေးကို မကိုင်ရတာ ဘယ်လောက်တောင် ကြာပြီလဲ။အရင်အတိုင်း မောင့်လက်ကလေးတွေက ကျစ်ကျစ်လစ်လစ်နဲ့ ကိုင်လို့ကောင်းတုန်းပဲ။
YOU ARE READING
𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)
Fanfictionငါမောင့်ကိုချစ်တယ်။ Taekook(Unicode+Zawgi) Start date-8.12.2021 End date-20.1.2022