Part-2☁️

3.6K 254 11
                                    

Unicode Ver:

ကားပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြသော လူသားသုံးဦးနှင့် ယာဉ်မောင်းတစ်ယောက်။ထိုသို့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူကတော့။

Miya-သားလေး ခေါင်းကိုက်လို့လား။ခေါင်းကိုပဲနှိပ်နေလို့။

Jk-သား အိပ်ရေးပျက်ထားလို့ အမေ။

Jiwoo-ဟင် သား အိပ်မက်တွေ...

Jk-မမက်တော့ဘူးလို့ပြောထားတယ်လေ။အခုက ညကလိုင်းသုံးရင်း ညဉ့်နက်သွားလို့။

တစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားသော ကားကလေး။Jeon Jungkookဆိုသည်သာ ဒီလိုလူပင်။စကားပြောရတာကိုလည်းမုန်းပြီး တစ်ယောက်တည်းသာ အေးဆေးနေတတ်သူမို့ မိဘများနှင့်တောင် သိပ်မရင်းနှီး။ငယ်ငယ်လေးတည်းက အဝေးပို့ထားလို့ နာကျည်းတဲ့စိတ်ကလည်း တစ်စွန်းတစ်စပါချင် ပါပါလိမ့်မည်။

At Incheon bridge,,,

Tae-မင်းပြန်လာပြီ! မောင်~

မောင်တဲ့။မှန်ပါသည်။ဒီနာမ်စားလေးကလည်း ရည်ညွှန်းသည်မှာ မလွဲ။

Tae-ငါ့အနားကိုနီးလို့လာခဲ့ပြီ။ငါလည်းတစ်ဆင့်တပ်ပြီး‌တန်ဖိုးထားရတဲ့နာမ်စား‌ေလးကို‌ေခါ်ခွင့်ရခဲ့ပြီ။ငါ့ကိုသတိရနေလား။မောင် မောင်~

Jungkook တစ်ယောက် ကားပေါ်တွင် အိပ်ပျော်သွားစဉ် နားထဲသို့ လေတိုးဝှေ့သလို တိုးဝှေ့လာတဲ့ အသံဩဩလေးတစ်ခု။

*မောင်~မောင်~* ဟူသောအသံ။ဖျက်ခနဲ လန့်နိုးလာကာ ‌ဘေးဘီကိုဝဲကြည့်မိတော့ မိဘနှစ်ပါးမှလွဲ တခြားမတွေ့။

Jk's pov:;

မောင် မောင်တဲ့လား။ငါ့ကိုခေါ်တာလား။နာမည်ခေါ်နေရာကနေ မောင်တဲ့လား။ဘာကြောင့်လဲ။အသံပဲကြားရပြီး ပိုင်စိုးပိုင်နက်နဲ့ မောင် လို့ခေါ်တာလဲ။ဘယ်သူခေါ်ခိုင်းနေလို့လဲ။

တစ်ဖက် တံတားပေါ်က ကောင်လေးရဲ့မျက်နှာထက်မှာတော့ အပြုံးနုနုလေးကဖြတ်ပြေးလျက်။

Tae-မင်း ကြားတယ်မလား မောင်။ငါလိုအပ်တာထက် အာရုံစူးစိုက်လိုက်ရင် မင်းကြားရတယ်မလား။ငါစောင့်နေမှာ လာဖြစ်အောင် လာခဲ့နော် မောင်~

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now