Unicode Ver:
Jk-Arr Hyung!
သာယာနေတဲ့အချိန်လေးကိုမှ ဖျက်ဆီးရကောင်းလားဆိုကာ အသားကုန်အော်လိုက်မိသည်။
Hoseok-ဟယ် ဘာတုန်း။
Jk-ကျွန်တော် အိပ်နေတာကို။
Hoseok-မင်းက လွန်ကိုလွန်တယ်။မနက်ထဲက အိပ်တာ ခုညနေထိ ငါဆိုင်ပိတ်ရမှာမို့ နိုးတာလေ ကောင်စုတ်လေးရဲ့။
ကာလနဂါးတောင် နဂါးဘုရင် ဝင်စားသလားမှတ်ရလောက်တဲ့အထိ တစ်နေကုန် အိပ်နေသော Jungkook ပါလေ။
Jk-အဲ့လောက်တောင် ရှိပြီလား ဟဲဟဲ ဒါဆိုပြန်ပြီနော်။
ပြောလည်းပြော ပြေးလည်းပြေး သော သူပါပင်။
Hoseok-သူပြေးတာကလည်း ပဲပြုတ်သည်ထက်တောင် မြန်သေးတယ် တကယ်ပဲ။
Jk လည်းပြေးသာပြေးလာတာ ဘယ်သွားရမှန်း မသိ။အမြဲတမ်းကျောင်းနဲ့စာနဲ့သာ အလုပ်ရှုပ်နေသည်မို့ ဒီလိုအားလပ်ရက်မှာ ဘာလုပ်ရမှန်းမသိပင်။ထိုစဉ် လေပြင်းတစ်ချက်ဝှေ့ကာ သူ့ဘေးနားသို့ ရောက်လာသော ထယ်။
Jk-ဟာ မင်းပဲ။
Tae-အင်း။
Jk- မင်းစကားပြောနိုင်ပြီ။
Tae-မောင်နဲ့ငါက ရည်းစားတွေဆိုတာ သတိရသွားလို့ တစ်ဆင့်တက်လာတယ်ဆိုပါတော့။
Jk အမှန်ပင် ဝမ်းသာမိပါသည်။ဘာလို့မှန်းမသိ ထိုကောင်လေးအား အကောင်းဆုံးဆိုတာတွေပဲပေးချင်မိသည်အထိ။ဟူး ကောင်လေးရေ မင်းနဲ့တော့ မလွယ်ဘူးထင်ပါရဲ့။
Jk-umm ငါတို့တူတူ လမ်းလျှောက်ကြမလား။
Tae-အိုခေ မောင်။
ထယ်ယောင်းတစ်ယောက် အခုလိုနေရတာမျိုးလေးကို သဘောကျသည်။မောင်က အကုန်မသိေသးပေမဲ့လည်း သူ့ကိုဒီလိုတွေးပေးတာမြင်ရတော့ မခံစားရတာကြာတဲ့ ပျော်ရွှင်မှု အငွေ့အသက်လေးကို ရသည်။
ညနေပိုင်းနေကစောင်းနေတာကြောင့် ဘေးချင်းကပ် လမ်းလျှောက်နေသူ နှစ်ယောက်အဖို့ ရင်ခုန်ဖွယ်။ထယ်ယောင်းလည်း မြေကြီးပေါ် ပေါ်နေတဲ့ ချစ်ရသူရဲ့ အရိပ်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဝမ်းနည်းမိပြန်သည်။ဘာလို့ဆို သူ့အရိပ်က မြေကြီးပေါ်မှာ ရှိမနေဘူး။
YOU ARE READING
𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)
Fanficငါမောင့်ကိုချစ်တယ်။ Taekook(Unicode+Zawgi) Start date-8.12.2021 End date-20.1.2022