Part-3☁️

2.7K 278 10
                                    

Unicode Ver:

Jk တစ်ယောက် ထမင်းစားပြီးနောက် ခြံထဲရှိ ဒန်းလေးဆီထွက်လာခဲ့လိုက်သည်။ထိုနေရာလေးကား ငယ်ငယ်ထဲက တိတ်တိတ်ဆိတ်ဆိတ်နေချင်လျှင် လာလေ့ရှိသော နေရာလေးပင်။

အသက်နှစ်ဆယ်ပင်ရှိသေးသည် ဆိုသော်ငြားလည်း စိတ်ထွက်ပေါက်တစ်ခုအဖြစ် ဆေးလိပ်ကသောက်‌တတ်နေပြီ။အခုလည်း အဖြေရှာမရတဲ့ပြသနာ အတွက် ခေါင်းခြောက်နေသည်ထင်သည်။လက်ကြားထဲတွင်ဆေးလိပ်လေးကို ညှပ်၊မီးညှိကာ ဒန်းပေါ်ထိုင်လိုက်တော့။

*မောင် ဆေးလိပ်သောက်တာ ငါမကြိုက်ဘူးလို့ပြောထားတယ်နော်!‌*

ဆိုသော အသံလေး။ဘာရယ်မဟုတ် ထိုအသံလေးက သူ့ကိုပြောတာမှန်း အသေအချာသိနေသလိုပင်။ဒီတစ်ခါတော့ ဆန့်ကျင်သင့်သည်မလား။လျစ်လျူရှူ၍ဆက်သောက်မည့်ဟန်ပြင်တော့...

*မင်းကိုငါတကယ်စိတ်ဆိုးမှာနော်။မောင်!*

ထိုအသံလေးလည်းကြားပြီးရော ဘယ်အချိန်ကပင် ဆေးလိပ်အား အဝေးသို့ပစ်လိုက်သည်မသိ။မိုးရေထဲက မြေပြင်ပေါ် ရွှဲလို့နေပြီ။

Jk's pov:;

ကွာ မင်းကဘာတုန်း။ဘာလို့ ‌မင်းတစ်ခွန်းပြောလိုက်တိုင်း ငါကနာခံမိနေရတာလဲ။လွန်ဆန်ချင်ရင်တောင် မလွန်ဆန်နိုင်တော့အောင် မင်းကလွှမ်းမိုးမှူကောင်းနေတာပဲ။ပြီးတော့ မောင် ဆိုတာ။ငါ့ကိုပြောတာလား။ဘာလို့ မောင် ဆိုတဲ့ အသံကြားတိုင်း ဝဲဘက်ရင်အုံက အောင့်တက်လာရတာလဲ။ကျစ်!

ထိုနေရာတွင်လည်း ဆက်၍ထိုင်နေချင်စိတ် မရှိတော့တာမို့ အပေါ်ထပ်အခန်းဆီသို့သာ တက်ခဲ့တော့သည်။

Incheon တံတားပေါ်က ကောင်ငယ်လေးကတော့။

Tae-မောင် မင်းကလေ ငါ့ကိုမမှတ်မိတာတောင် ငါ့စကားတွေကိုလွန်ဆန်နိုင်စွမ်းမရှိပါလား။ငါ့ကို အဲ့သလောက်ချစ်ခဲ့ရသလား။အင်း ကြည်နူးမိတယ်။ငါလာခဲ့ရမလား!

At 12:00 pm,,,

Jk တစ်ယောက် နှစ်ခြိုက်စွာ အိပ်မောကျနေစဉ် လက်ရှိမဟုတ်တဲ့ နှစ်ပေါင်းများစွာကို ပြန်ရောက်သွားသည်ဟုထင်မိသည်။လူမရှိတဲ့ တံတားကြီးပေါ်မှာ တစ်ယောက်တည်းလျှောက်သွားမိနေရင်း တစ်နေရာရောက်တော့။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now