Part-7☁️

2.2K 202 33
                                    

Unicode Ver:

Jk-မေမေတို့ကလည်း အဆာလွန်ရင်မကောင်းဘူးလေ။

Jiwoo-လာပါ တူတူစားတော့ပိုကောင်းတာပေါ့။

Jk လည်း မေမေတို့နဲ့အတူ ညစာစားခဲ့ပြီးနောက် ဝရံတာသို့ထွက်၍ သစ်ပင်ကြီးများကို အကြောင်းမရှိငေးနေမိသည်။

*ဘာလို့ငေးနေတာလဲမောင်။*

ဟမ် ဒီအသံ မဟုတ်မှ သူ့ရဲ့တစ်ဦးတည်းသောလေးမလား။မျက်စိတစ်ဝိုက်ကိုဝေ့ဝဲရှာမိလိုက်တော့ သူကြည့်‌ေနတဲ့သစ်ပင်ရဲ့မျက်နှာချင်းဆိုင် သစ်ပင်ထက်ဝယ် ကားယားခွထိုင်နေတဲ့ ကောင်လေး။

Jk-မင်းအသံပဲကြားနေရတာပဲကို။အဲ့ပေါ်မှာ အခန့်မသင့်ရင်ပြုတ်ကျလိမ့်မယ်။

*ပြုတ်ကျလည်း မနာဘူးလေ မောင်ရဲ့။သေပြီးသားပဲဟာ။ငှက်မွှေးလေးလိုပဲ။*

Jk-မယုံပါဘူး။စိတ်ပူအောင် မလုပ်နဲ့ ဆင်းလာခဲ့စမ်းပါ။

ထယ်ယောင်းလည်း သူ့ကိုစိတ်ပူပေးနေတဲ့ ချစ်ရသူအား စချင်လာသောကြောင့် ခွထိုင်လျက်မနေအထားမှ နောက်ပြန်လှန်ကာ တုံ့ဆိုင်းခြင်းမရှိ ဆင်းချလိုက်သည်။

Jk-အား မလုပ်နဲ့။

Jk တစ်ယောက် အမှန်တကယ်ပင်ပူထူသွားမိသည်။ဒီခံစားမှုကြီးက ဘာပါလိမ့်။ထပ်ပြီးဆုံးရှုံးရမှာကိုကြောက်တာလား။လူတစ်ယောက်ကိုထိခိုက်မှာစိုးလို့ ပူပန်ပေးတဲ့စိတ်လား ဆိုတာတော့ သူကိုယ်တိုင်ပင်ရေရေရာရာ မသိ။

ထယ်ယောင်းလည်း မြေကြီးနှင့်ထိခါနီး လက်တစ်ထွာလောက်အလိုမှာပင် ဝှစ်ခနဲ ပြန်တက်လာလိုက်သည်။ဘာပဲဖြစ်ဖြစ် သူ့ကြောင့် ချစ်ရသူ နာကျင်မှာ ငိုမှာမျိုးတော့ မလိုလား။

*မငိုပါနဲ့တော့။ငါ ဘာမှ မဖြစ်ဘူးလေ မောင်။ဒီမှာကြည့်။*

Jkလည်း စိတ်ကဝေခွဲမရဖြစ်နေစဉ် ရှေ့က အနှီလူသားငယ်အား ပြေးဖက်လိုက်မိသည်။သို့သော် သူ့လက်များက ကောင်ငယ်လေးရဲ့ကိုယ်ထဲမှ ဖောက်ထွက်လာခဲ့သည်။ထိုကောင်လေးမှာလည်း ထိလိုက်သည့် နေရာက အမှုန် ပုံစံဖြစ်ကာ ကိုယ်လုံးသို့ ပြန်လည်စုစည်း၍ နဂိုအတိုင်း ပြန်ဖြစ်လို့သွားသည်။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now