Unicode Ver:
ထယ်ယောင်း တစ်ယောက်တည်း ရောက်တတ်ရာရာ လမ်းလျှောက်နေသည်။ဘယ်လောက်လျှောက်လိုက်လည်းပင်မသိ၊သတိထားမိခိုက်မှာ နေတောင် ဝင်နေပြီ။ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်တော့ အမှောင်ထဲမှာပင် လင်းနေတဲ့ အခန်းငယ်လိုအိမ်မျိုးကိုတွေ့လိုက်ရသည်။လူနေအိမ် မီးလင်းတယ်ဆိုတာ သူတို့လိုလောကသားတွေအတွက် မဆန်းပေ။သို့သော် ခုဟာက သာမန်မီးလင်းတာမျိုး မဟုတ်ဘဲ မျက်စိကျိန်းလောက်အောင် ဖြာထွက်နေသော အလင်းရောင်ကြောင့် ထယ်ယောင်းလည်း ထိုထဲသို့စူးစမ်းလိုစိတ်ဖြင့် ဝင်သွားမိသည်။
အထဲသို့ရောက်တော့ စားပွဲတစ်လုံး၊အဲ့ပေါ်မှာတင်ထားတဲ့ ဖန်လုံးလေးနှင့် ရှေ့မှာထိုင်နေတဲ့ အဘွားကြီးကလွဲရင် ကျန်တာဘာဆိုဘာမျှ မရှိပေ။ထယ်ယောင်းလည်း သူ့ကိုမမြင်လောက်ဘူးထင်၍ ပြန်ထွက်မည်အပြု ထိုအဘွားကြီးက...
"မင်းကစပ်စုစိန်လေးပဲ။"
ထယ်ယောင်းရဲ့မျက်နှာထက်ဝယ် အံ့ဩမှုတွေ အတိုင်းသား။မျက်လုံးလေးတွေဝိုင်းစက်ပြီး ပါးစပ်ကလေး ဟလာခြင်းက တော်ရုံ အံ့ဩမှုမဟုတ်တာကို ပြ၍နေသည်။
Tae-မြင်ရတာလား။
"မြင်ရဆို ငါလည်းလူမှမဟုတ်ဘဲ။မင်းတို့လိုအစွဲအလမ်းကြီးသူတွေရဲ့ရှေ့ရေးကိုမြင်နေတဲ့သူမျိုးပေါ့။"
Tae-အပိုတွေ။
"မင်းအခု အရင်ဘဝကသိပ်ချစ်ရတဲ့သူရဲ့စကားကြောင့် ဒီဘဝကိုရောက်နေတာ။"
ထိုစကားတစ်ခွန်းကြောင့် ထယ်ယောင်း အကြွင်းမဲ့ယုံကြည်မိသွားသည်။ဒါက သူဒီလိုဖြစ်နေရခြင်းရဲ့ အဓိက သော့ချက်ပဲလေ။ဒါကို ဘယ်ကလာမှန်းမသိတဲ့အဘွားကြီးက သိနေတာဆိုတော့။သို့သော်လည်း သံသယမကင်းသည့်စိတ်များက ကျန်နေသေးသည့်အတွက် မျက်ခုံးတစ်ဖက်သာ ပင့်ပြလိုက်သည်။
"ယုံချင်ရင်ယုံလိုက်တာမဟုတ်ဘူး။အခုလည်းအဲ့ကောင်လေးကမင်းကိုဒုတိယအကြိမ်ဖွင့်ပြောခဲ့လို့ ဘာလုပ်ရမှန်းမသိဘဲ ငိုင်နေတာမလား။"
ထိုစကားတွင်တော့ ထယ်ယောင်း ဒူးထောက်၍ပင်ထိုင်ချလိုက်မိသည်အထိ။
YOU ARE READING
𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)
Fanfictionငါမောင့်ကိုချစ်တယ်။ Taekook(Unicode+Zawgi) Start date-8.12.2021 End date-20.1.2022