Part-6☁️

2.3K 213 35
                                    

Unicode Ver:

Next morning:;

ညကတော့ Jk တစ်ယောက် ဘာအိပ်မက်မှ မမက်ခဲ့။ထူးဆန်းနေတာက သူစိတ်တိုနေတာပင်။အိပ်မက်ထဲကို ကောင်လေးမလာလို့လား ဘာလားဆိုတာလည်း သေချာမသိ။

တစ်ဖက်ကကောင်လေးမှာတော့

Tae-မင်းငါ့ကိုပြန်ပြီးသံယောဇဉ် တွယ်လာပြီ မောင်။မနေ့ညက ငါတမင်မလာတာ။

Jk ရေမိုးချိုးပြင်ဆင်ကာ အောက်ထပ်သို့ ဆင်းခဲ့လိုက်သည်။ဘာရယ် မဟုတ် ခြံထဲရှိ ဥယျာဉ် သေးသေးလေးအား အကြည့်ရောက်စဉ် ဝိုးတိုးဝါးတား ပုံရိပ်လေးတစ်ခုက ဖြတ်ပြေးနေသည်။

*မောင် ငါ့အတွက်လား။~*

*ကြိုက်လား ကိုယ့်ကလေးလေး။*

*အရမ်းကြိုက်တယ်။~*

Jk's pov:;

အေး ကြားနေလိုက် သလား။နေပါအုံး ကိုယ့်ရဲ့ကလေးလေးဆိုတော့ အရင်ဘဝကငါ့သားများလား။

Miya-သားလေး ဘာတွေစဉ်းစားနေတာလဲ။ဘယ်သွားမလို့လဲ။

Jk-Hoseok Hyung ဆီမေမေရေ။သွားပြီ!

အမှန်တော့ Hoseok Hyung နဲ့လည်း သူမချိန်းထားပါ။ဒီအဖြစ်အပျက်တွေကို ပြောပြချင်၍သာ။Hyung က ဒီနားလေးမှာပင် ဓာတ်ပုံဆိုင်ဖွင့်ထားသည်မို့ သွားရလာရလွယ်ကူသည်။

Jk-Hello Hyung

Hoseok- ဟာ Jk! ဆိုင်းမဆင့်ဗုံမဆင့်နဲ့ လာလာ။

Jk-ပြောချင်တာလေးတွေ ရှိလို့ပါဗျာ။

Hoseok-ကဲ ပြော။

ခွင့်ပြုချက်ရသည်နှင့် ရေသောက်ပြီးပြောလိုက်တာ တစ်နာရီလောက်ကြာသည်။ပြောလို့ဝသွားပြီ ဆိုတော့မှ...

Jk-Hyung အရင်ဘဝက ကျွန်တော်က အိမ်ဖော်၊သူက ကျွန်တော့်သားများလားမသိဘူးနော်။

Hoseok ခဗျာ သောက်နေတဲ့ ရေတောင် ဖွီးခနဲ...

Hoseok-ဟျောင့် ဘာတွေလျှောက်ပြောနေတာလဲ။

Jk-ဟုတ်တယ်လေ။ ကျွန်တော် ခေါ်တာလည်းကြည့်။ကိုယ့်ကလေးလေးတဲ့ ဟော ပြီးတော့လည်း ကျွန်တော်ပဲအကုန်လုပ်တယ် တဲ့။

Hoseok-အမလေး ရည်းစားမထားဘူးတာ သိသာလိုက်တာ။အဲ့ဒါ ကိုယ့်ရည်းစားကို အပင်ပန်းမခံစေချင်လို့၊အရမ်းချစ်လို့ ချစ်စနိုးနဲ့ ခေါ်တာလေ အော်။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now