Part-21(Final)☁️

5.4K 208 29
                                    

Unicode Ver:

Jk-ထယ်...

Tae-အင်း။

Jk-မောင့်ကိုမမုန်းဘူးလား။မောင့်ကြောင့်နဲ့။

Tae-ငါကမုန်းဖို့စချစ်ခဲ့တာမှ မဟုတ်တာမောင်ရဲ့။စစတည်းကမောင်ကအဆိပ်တစ်ခွက်ဖြစ်နေရင်တောင် ငါကကျေကျေနပ်နပ်ကြီးသောက်မှာ ငါကချစ်တယ်လေ။

Jk-အခု မောင်လည်း အကုန်သိသွားပြီလေ။ဒါဆို ထယ်က ဒီသံသရာကနေလွတ်မြောက်တော့မှာလား။

Tae-ဒါပေါ့ ဒါပေမဲ့လေ ငါမောင့်အတွက် လက်ဆောင်ပြင်ထားတယ် ဒီမှာကြည့်။

Jk-ဟင် လက်စွပ်လေး။

Tae-အင်း လှတယ်မလား။ဒါလေးကိုစွပ်လိုက်နော်။ငါတို့ရဲ့အထိမ်းအမှတ်အဖြစ်။

Jk's pov:;

အထိမ်းအမှတ်လို့ပြောပြီးဘာလို့မျက်ရည်တွေဝဲနေရတာလဲ ထယ်။ဟမ် မောင်မသိဘူးထင်နေလား။အရင်ကလို နာကျင်မှူတွေကို ထယ်တစ်ယောက်တည်းယူအုံးမလို့လား။မောင် အကုန်သိတယ် အကုန်သိတယ် ထယ်ရ။ဒါပေမဲ့ ထယ်ဖြစ်စေချင်တာ ဒီလိုတဲ့လား။မပြောင်းတော့ဘူးလား။

Jk တစ်ယောက် သူ့ရဲ့လက်လေးကိုဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးလိုက်သည်။စိတ်ထဲမှာ အတွေးတွေက ဂယောင်ချောက်ခြား။ဒါကိုစွပ်လိုက်မိရင် သူကပဲတစ်ကိုယ်ကောင်းဆန်စွာ ကောင်းစားသွားမှာမလား။ထယ်ကအရင်ကနဲ့တူတဲ့လမ်းကိုရွေးပြန်ပြီကွာ။

မျက်ရည်တွေ တစ်သီတစ်တန်းကျနေကြသော ကောင်လေးနှစ်ယောက်။ထယ်ယောင်းမှာလည်း လက်စွပ်စွပ်ပေးရန် ပြင်လိုက်တော့ လက်တွေက တုန်လို့နေသည်။

Tae's pov:;

နှုတ်ဆက်ပါတယ် မောင်။ငါပဲနာကျင်ရင်ဖြစ်တာမို့ မောင်ကငါ့ကိုမေ့ပြီးပျော်ပျော်နေပါတော့။ချစ်တယ် မောင်။ငါအသက်ထက်ချစ်တယ်။

လက်စွပ်လေးက လက်ချောင်းလေးမှာ နေရာယူတော့မဲ့ဆဲဆဲ Jk က လက်တွေကို ရုန်းကာဖယ်လိုက်သည်။

Jk-တော်လောက်ပြီ ထယ်!

Tae-မောင်ရယ် ငါတို့အထိမ်းအမှတ်လေ စွပ်လိုက်ပါ။ပြီးရင်စကားတွေ တစ်ဝကြီးပြောကြမယ်။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now