Part-17☁️

1.6K 160 2
                                    

Unicode Ver:

Tae-အယ် မောင်ရယ် သွားပေါက်သွား။တော်ကြာ ထွက်ကျလာရင် ထယ်အနံ့မခံနိုင်ဘူးနော်။

ထယ်ယောင်းလည်းပြောလိုက်ရော "ဟာ ထယ်ရာ" ဟုဆိုကာ မျက်နှာကြီးနီလျက် ရှက်သွေးဖြာပြီး အိမ်သာသွားရှာသော ‌သူပါလေ။

ထယ်ယောင်းလည်းစားစရာရှိတာဆက်စားရင်းစောင့်နေလိုက်သည်။ခနကြာတော့ ပြနိရောက်လာပါပြီ ချစ်ရသူကြီး။

Tae-ပြီးပြီလား မောင်။

Jk-ပြီးပြီထယ်ရေ။အိမ်သာ ရှာရင်း လမ်းမှာ ထွက်ကျတော့မလို့ တော်သေးတယ်။

Tae-ဖြစ်ရတယ် မောင်ရယ်။ထယ်ဒါမစားချင်တော့ဘူး။ငါအူဒုတ်ထိုးသွားစားရအောင်။

နှစ်ယောက်သား လက်လေးဆွဲကာ ပျော်ရွှင်နေကြသည်မှာ ပန်းချီကားတစ်ချပ်နှယ်။သို့သော် တစ်ချိန်မှာ နာကျင်ရမည်ကိုတွေးမိလျှင်။

ငါးအူဒုတ်ထိုးဆိုင်သို့ရောက်တော့ ဘယ်လောက်စားစား ဗိုက်မဝတဲ့ ထယ်ယောင်းက စားမည့်ဟန်ပြင်ပါတော့သည်။ပူပူလောလောကြီးမို့ ဘယ်လိုမှစား၍မရ။နှုတ်ခမ်းတထော်ထော်နှင့် မှုတ်နေရသော်လည်း စိတ်ကရှည်ဟန်မတူ။ဒါနဲ့ပဲ...

Jk-ထယ် ပေး မောင်မှုတ်ပေးမယ်။

ဟုဆိုကာ တစ်ချောင်းပြီးတစ်ချောင်း မှုတ်ပေးတော့သည်။ထယ်ယောင်းကလည်း ထိုင်ငံ စားနှင့် အတိုင်အဖောက်ညီနေသော နှစ်ယောက်ပါပင်။

Tae-မောင် ထယ်ဝပြီ။

ပြန်ဖြေသံ မကြားသဖြင့် ဘေးကိုလှည့်ကြည့်လိုက်တော့ မျက်နှာကြီးပြာကာ သတိလစ်ချင်သလိုဖြစ်နေသောသူ။ထယ်ယောင်လည်း လန့်သွားပြီး ပါးတွေကို အသားကုန် ရိုက်တော့သည်။

Tae-မောင် မောင် ဘာဖြစ်တာလဲ။

ကြာကြာနေတော့ ထယ်ယောင်းရိုက်တာကိုမခံနိုင်တော့ဘူးထင်ပါရဲ့။လက်လေးတွေကိုဖမ်းဆုပ်လိုက်ပြီး...

Jk-ထယ် ထယ် တော်ပါတော့ ထယ်ရယ်။မောထာ။ထယ့်ကိုတစ်ခုပြီးတစ်ခုအလျင်မှီအောင် မှုတ်ပေးနေရလို့ ရှိသမျှလေတွေထွက်ပြီး လေခမ်းသွားတာ မေ့တောင်လဲချင်တယ် ဟူး။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now